ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေက အနုပညာလောကမှာ နာမည်ကောင်းနဲ့ ကျော်ကြားသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက ပရဟိတလုပ်ငန်းတွေကို စွမ်းစွမ်းတမံ လုပ်ကိုင်ရင်း နိုင်ငံတော်ကပေးအပ်တဲ့ ဆုတံဆိပ်တွေကိုလည်း ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အဆင်းရော၊ အချင်းပါ ပြည့်စုံတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကို ပရိသတ်တွေကလည်း တစ်နေ့တစ်ခြား ချစ်လာကြတာ တွေ့ရပါတယ်။
ခိုင်နှင်းဝေက လက်ရှိမှာတော့ သူမတို့ မိသားစုလေးရဲ့ ကထိန်ခင်းအလှူလေးကို ကျင်းပဖို့အတွက် နေပြည်တော်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ခိုင်နှင်းဝေက သူမရဲ့ အလှူဝင်ညလေးရဲ့ အမှတ်တရတွေကို အခုလိုပဲ ပြောပြလာပါတယ်။
"မနက်ဖြန် လပြည့်နေ့မှာ ပြုလုပ်မယ့် ကထိန်အလှူပွဲမတိုင်ခင် အလှူအဝင်နေ့မှာ မြတ်စွာဘုရားကို ကြာဆီမီးပူဇော်ပွဲကျင်းပခဲ့ပါတယ်။"
"ကျွန်မလာတဲ့အချိန် အကတွေရော,အဆိုတွေရောနဲ့ ရွာကပြည်သူတွေက ချစ်ချစ်ခင်ခင်ကြိုဆိုကြတဲ့အတွက် အတိုင်းမသိဝမ်းသာရပါတယ်ရှင်🙏🏻🙏🏻🙏🏻" ဆိုပြီး ပြောထားပါတယ်။ပရိသတ်ကို ချစ်တဲ့ မင်းသမီးနဲ့ မင်းသမီးကချစ်တဲ့ ပရိသတ်တွေရဲ့ မြင်ကွင်းလေးက တကယ့်ကို ကြည်နူးစရာပါပဲ။ ပရိသတ်ကြီးလည်း ခိုင်နှင်းဝေရဲ့ ပုံရိပ်လေးကိုကြည့်ပြီး အပျော်တွေ ကူးစက်သွားမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ပါတယ်။
Rowena
Source: Khine Hnin Wai's fb
Sunday, November 10, 2019
Home
/
Celebrity
/
ချစ်စရာကောင်းတဲ့ ရွာဓလေ့အတိုင်း မြတ်စွာဘုရားကို ကြာဆီမီးတွေနဲ့ ပူဇော်ခဲ့တဲ့ ခိုင်နှင်းဝေ
ချစ်စရာကောင်းတဲ့ ရွာဓလေ့အတိုင်း မြတ်စွာဘုရားကို ကြာဆီမီးတွေနဲ့ ပူဇော်ခဲ့တဲ့ ခိုင်နှင်းဝေ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity