Breaking

Thursday, November 21, 2019

မလေးရှား ရောက်တာ ၆ လ ပဲ ရှိသေးပေမယ့် ကံကောင်းစွာနဲ့ ( သိန်းပေါင်း ၃၆၀ ) ရသွားတဲ့ မြန်မာ တစ်ဦး

 မြန်မာနိုင်ငံက လူငယ်တော်တော်များများဟာ မိခင်နိုင်ငံမှာ အလုပ်အကိုင်ရှားပါးမှုဒဏ်ကုန်ဈေးနှုန်းကြီးမြင့်မှု ၊ စိုက်ပျိုးရေးတွေ ခက်ခဲမှုတွေကြောင့် နီးစပ်ရာနိုင်ငံတွေကို ထွက်ခွာပြီး စွန့်စား အလုပ်လုပ်ကြရပါတယ်။များသောအားဖြင့် ထိုင်း ၊ မလေးရှား ၊ စင်္ကာပူ နိုင်ငံတွေကို ထွက်ခွါပြီး တရားဝင် ၊ တရားမဝင် ရွေးပြောင်းအလုပ်လုပ်ကြတာပါ။ ဒီအထဲမှာတော့ စုဆောင်းမိသူတွေရှိသလို ၊ လူကုန်ကူးခံရသူတွေလည်း များစွာရှိပါတယ်။ ဒါပေမယ့် မလေးရှာူးကို တရာူးဝင် ရွေ့ပြောင်းလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ခဲ့သူ ရေနံချောင်းသား ကိုဖုန်းမြင့်နိုင် တစ်ယောက်ကတော့ မလေးရှားကို ရောက်တာ ၆ လပဲ ရှိသေးပေမယ့် ကံကောင်းစွာပဲ မလေးရှားနိုင်ငံက ၆ လုံးထီ ရင်းဂစ်(၁ ) ကျပ်ဖိုးထိုးရာမှ မလေးငွေ တစ်သိန်းပေါက်ခဲ့ပါတယ်။
 သူဟာ မလေးရှားကိုလည်း ရောက်တာမကြာသေးတာကြောင့် ငွေထုတ်ဖို့ ခက်ခဲနေရာမှာ နှလုံးလှအဖွဲ့နဲ့ ချိတ်ဆက်မိပြီးတော့ သူ့ကို ကူညီထုတ်ပေးနိုင်ခဲ့တာပါ။ အခုတော့ ရေနံချောင်းသားလေး ဖုန်းမြင့်နိုင် တစ်ယောက်ကတော့ ဝမ်းသာစွာဖြင့် မိသားစုထံကိုမြန်မာငွေ သိန်း (၃၆၀) လောက်ပိုက်ပြီး ပြန်ခဲ့ပြီလို့ ဝမ်းသာစွာသိရပါတယ်။ကူညီပေးခဲ့တဲ့ နှလုံးလှအဖွဲ့ကိုလည်း ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်နိုင်အောင်ရင်းဂစ် ၃၀၀၀ မြန်မာငွေ ၁၀ သိန်း ၇ သောင်း လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။

POPULAR POSTS

ads