ောင်မြင်မှုတွေနဲ့အတူတူ အနုပညာလုပ်ငန်းတွေ လက်မလည်အောင် လုပ်ကိုင်နေရတဲ့ ပတ်ထရစ်ရှာက ဒီနေ့မှာတော့ သူမရဲ့ အမိုက်စား ပုံရိပ်အချို့ကို ပရိသတ်တွေအတွက် မျှဝေပေးထားတာကို တွေ့ရပါတယ်။ပတ်ထရစ်ရှာရဲ့ အခုပုံရိပ်တွေက နာမည်ကြီး မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ MODA မဂ္ဂဇင်းအတွက် ရိုက်ကူးပေးထားတာဖြစ်ပြီး ဓာတ်ပုံဆရာ၊ Stylist၊ အလှဖန်တီးရှင်တို့ရဲ့ ပူးပေါင်းအားထုတ်မှုကြောင့် အမိုက်စားပုံလေးတွေအဖြစ် ထွက်ရှိလာတာပဲ ဖြစ်ပါတယ်။
ပတ်ထရစ်ရှာက လွန်ခဲ့တဲ့ ရက်ပိုင်းမှာတော့ ဒါရိုက်တာ ကိုပေါက် ရိုက်ကူးပုံဖော်တဲ့ “လူထဲကလူ” ရုပ်ရှင်ဇာတ်ကားကြီးမှာ မြင့်မြတ်၊ ရဲအောင်၊ စိုးမြတ်သူဇာတို့နဲ့အတူတူ သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။
ပတ်ထရစ်ရှာရဲ့ ပုံရိပ်တွေကတော့ အရမ်းမိုက်တာပဲနော်။ ပရိသတ်ကြီးလည်း အဖြူအမည်းကာလာနဲ့ ပတ်ထရစ်ရှာရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
credit – myanamarload