Breaking

Saturday, November 23, 2019

ဖြူဖြူကျော်သိန်းကို မြန်မာအိုင်ဒေါလ်ရဲ့ လူမဆန်ဆုံးဒိုင်လို့ပြောပြီး စိန်ခေါ်လိုက်တဲ့ မောင်မောင်အေး

 အစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ မောင်မောင်အေးကတော့ ဖြူဖြူကျော်သိန်းဟာ မြန်မာအိုင်ဒေါလ်ရဲ့ လူမဆန်ဆုံးဒိုင်ဖြစ်သလို ကိုယ်ချင်းစာတရားလည်း အခေါင်းပါးဆုံးပဲလို့ ဆိုပြီး စိန်ခေါ်လိုက်ပါတယ်။

မောင်မောင်အေးက သူ့ရဲ့ ဖေ့ဘုတ်မှာ” မြန်မာအိုင်ဒယ်ယ်လ်လ်လ်လ်လ်လ် မှာ ကိုယ်ချင်းစာတရားအခေါင်းပါးဆုံးနဲ့ လူမဆန်ဆုံးဒိုင်ကို ပြပါဆို ဖြူဖြူကျော်သိန်း ကိုပဲ လက်ညှိုးငေါက်ငေါက်ထိုးပြမိဖြစ်မယအားအားရှိ သူ့ခေါင်းပေါ်က အမွှေးတွေကို မီးပြတိုက်လောက်ထောင်ပြလိုက် ကြမ်းပြင်ပေါ် ပုံပြီး ဒရွတ်တိုက် တံမြက်စည်းလှည်းပြလိုက်နဲ့
 တပါတ် တပါတ် အဲ့အမွှေးတွေနဲ့ ဂုဏ်ဆာဆာပြနေတာတွေ့တိုင်း လူက တဆစ်ဆစ်နာတယ် သူနဲ့သိတဲ့သူတွေရှိရင်လည်း ပြောပေးလိုက်ကြပါသိပ် ဇ ရှိနေရင် နောက်တပါတ် အိုင့်ကေညှပ်ရဲလား လို့” ပြောလိုက်တာဖြစ်ပါတယ်။
ဖြူဖြူက အပတ်တိုင်းလို ဆံပင်ကို အမျိုးမျိုး လုပ်ပြပြီး နာမည်ကြီးနေတာဖြစ်လို့ မောင်မောင်အေးတစ်ယောက် မနေနိုင်မထိုင်နိုင် အခုလိုပြောလိုက်တာပါ၊ ကဲ မောင်မောင်အေးကတော့ သူ့လိုကတုံးတုံးရဲလားလို့ ဖြူဖြူကို စိန်ခေါ်နေပါပြီ။
ဘာပဲ ဖြစ်ဖြစ် ဒီနှစ်မြန်မာအိုင်ဒေါလ်မှာ ဖြူဖြူကျော်သိန်းရဲ့ အဝတ်အစားစတိုင်နဲ့ ဆံပင်စတိုင်တွေက အားလုံးထဲမှာ ထူးခြားပြီး ချစ်ဖို့ကောင်းနေတာကတော့ မလွဲဧကန်ပါပဲ ၊ ပရိသတ်ကြီးရော ဖြူဖြူနောက်တစ်ခါ ဘယ်လိုလုပ်လာဦးမလဲ စိတ်ဝင်စားနေကြပြီထင်ပါတယ်နော်။

POPULAR POSTS

ads