နိုင်ငံကျော် အကယ်ဒမီ မင်းသမီးဖြစ်တဲ့ သက်မွန်မြင့်က သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ရင်း မိသားစုလေးကို အချိန်ပေးဂရုစိုက်နေတာ ဖြစ်ပါတယ်။ ရုပ်ရှင်တွေရိုက်နေသလို အိမ်ထောင်မှုတာဝန်တွေလည်း မလစ်ဟင်းတဲ့ သက်မွန်မြင့်က အိမ်ထောင်ရှင်မကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ အချိန်တွေကို ကောင်းစွာ စီမံခန့်ခွဲတတ်တဲ့ မင်းသမီးချာလေး သက်မွန်မြင့်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေကလည်း စိတ်ဝင်တစားစောင့်ကြည့်ကြတာ ဖြစ်ပါတယ်
အမြဲတမ်း နုပျိုလန်းဆန်းနေတဲ့ သက်မွန်မြင့်က ဒီတစ်ခေါက်မှာတော့ လူငယ်ဆန်ဆန် ချစ်စရာကောင်းနေတာကို တွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် သက်မွန်မြင့်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။သက်မွန်မြင့်က " ကျွန်မ အဝေး ငေးကြည့်တဲ့ချိန် ရှင်ခိုးကြည့်နေတာမလား? လှည့်ကြည့်လိုက်တော့ ဘယ်လို ခံစားရလဲ??" ဆိုပြီး သူမရဲ့ ပရိသတ်တွေကို နောက်ပြောင်ပြီး မျှဝေထားတာ ဖြစ်ပါတယ်။
သက်မွန်မြင့်က လက်ရှိမှာတော့ ကြော်ငြာတွေ ရိုက်ကူးပေးနေသလို မကြာသေးခင်ကလည်း ဒေါင်း၊ ဖွေးဖွေး၊ ခါရာတို့နဲ့အတူတူ "Love Equations" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပေးခဲ့တာပဲ ဖြစ်ပါတယ်။သက်မွန်မြင့်ကတော့ တစ်နေ့တစ်ခြား ပိုလှလာပြီး ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သက်မွန်မြင့်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: Thet Mon Myint's fb
Friday, November 29, 2019
Home
/
Celebrity
/
နေရောင်ခြည်ကိုအံတုပြီးပွင့်တဲ့ နေကြာပန်းလေးတစ်ပွင့်လို လှပလန်းဆန်းနေတဲ့ သက်မွန်မြင့်
နေရောင်ခြည်ကိုအံတုပြီးပွင့်တဲ့ နေကြာပန်းလေးတစ်ပွင့်လို လှပလန်းဆန်းနေတဲ့ သက်မွန်မြင့်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity