မီးမီးခဲလို့ဆိုလိုက်တာနဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော် VCDခေတ်အချိန်အခါထဲက ပရိသတ်တွေအားပေးခဲ့ရတဲ့ ဝါရင့်အဆိုတော်တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကို အထူးတလည်မိတ်ဆက်ပေးစရာမလိုလောက်ဘူးလို့ထင်ပါတယ်။မီးမီးခဲကိုယ်တိုင် ရေးစပ်သီဆိုခဲ့တဲ့ “ငါ့ရဲ့မျက်ဝန်းညို” သီချင်းလေးဟာနောက်ဆုံးထွက်ရှိခဲ့ပြီးနောက် ကျန်းမာရေးကြောင့် နှစ်တော်တော်ကြာကြာ အနုပညာအလုပ်တွေနဲ့ ကင်းကွာနေခဲ့ပါတယ်။”>မီးမီးခဲလို့ဆိုလိုက်တာနဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော် VCDခေတ်အချိန်အခါထဲက ပရိသတ်တွေအားပေးခဲ့ရတဲ့ ဝါရင့်အဆိုတော်တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကို အထူးတလည်မိတ်ဆက်ပေးစရာမလိုလောက်ဘူးလို့ထင်ပါတယ်။မီးမီးခဲကိုယ်တိုင် ရေးစပ်သီဆိုခဲ့တဲ့ “ငါ့ရဲ့မျက်ဝန်းညို” သီချင်းလေးဟာနောက်ဆုံးထွက်ရှိခဲ့ပြီးနောက် ကျန်းမာရေးကြောင့် နှစ်တော်တော်ကြာကြာ အနုပညာအလုပ်တွေနဲ့ ကင်းကွာနေခဲ့ပါတယ်။
မီးမီးခဲဟာ (၂၀၀၇)ခုနှစ်မှာ ရင်သားကင်ဆာ အဆင့်(၄)ရောဂါနဲ့ (၂၀၀၉)ခုနှစ် ဧပြီလလောက်မှာ ညာဘက်ဦးခေါင်းခွံအနောက်ဘက်မှာ ကင်ဆာအကြိတ် စတဲ့ရောဂါဝေဒနာတွေကို ခံစားခဲ့ရတာလည်း ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။ရောဂါဝေဒနာတွေခံစားခဲ့ရပေမဲ့လည်း စိတ်ဓာတ်ခိုင်မာစွာနဲ့ ဆေးကုသမှုတွေခံယူနေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကတော့ သူရဲ့ ညာဘက်ခြေထောက်ဟာ အင်မတန်နာကျင်မှုကို ခံစားနေရပြီ ရောဂါဝေဒနာထပ်မဖြစ်ဖို့ကိုလည်း ဆုတောင်းပေးကြဖို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြခဲ့ပါသေးတယ်။
ဒီနေ့မှာတော့ မီးမီးခဲဟာ “ဆေးစစ်ချက်အဖြေ ရရှိခဲ့ပါပြီ။မျက်ရည်ပါ ကျရလောက်အောင်ဝမ်းသာ ရပါတယ်။ခေါင်းမှာ ဖြစ်တဲ့ ကင်ဆာဆဲလ်တွေလဲ မရှိတော့သလို ခြေထောက်နာတာကလည်း ကင်ဆာ ကာကွယ်ဆေးတွေသောက်ရလို့နာတာဖြစ်ကြောင်း ဆရာဝန်ကပြောပါတယ်။ဆက်လက်ပြီးပုံမှန်စစ်ဆေး ထိန်းချုပ်ကုသ သွားရမှာဖြစ်ပေမဲ့ အသက်ရှင်ခွင့်ရနေသေးတယ်”လို့ သူ့အတွက်စိတ်ပူနေတဲ့ ပရိသတ်တွေကို ဝမ်းသာစရာသတင်းလေးကိုပြောပြထားပြီး ဝိုင်းဝန်းဆုတောင်းပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ကြောင်းပြောထားပါသေးတယ်။
Friday, November 8, 2019
ကင်ဆာရောဂါဝေဒနာတွေရဲ့ ဆေးစစ်ချက်အဖြေနဲ့ ပတ်သက်ပြီးပြောပြလာတဲ့ မီးမီးခဲ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity