Breaking

Saturday, November 23, 2019

ချစ်စရာကောင်းတဲ့ခွေးကြီးတွေနဲ့ ကလေးလေးလို ဆော့ကစားနေတဲ့ မိုးဟေကို

 ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချော မိုးဟေကိုက အနုပညာလောကမှာ အချိန်အတော်ကြာ အောင်မြင်မှုတွေ များစွာ ရရှိနေသူ တစ်ဦး ဖြစ်ပါတယ်။ မိုးဟေကိုက အသက် (၃၀)ကျော်ထိတိုင် တည်ငြိမ်လှပတဲ့ အလှပတွေကို ပိုင်ဆိုင်ထားသူလေးလည်း ဖြစ်ပါတယ်။ မိုးဟေကိုက လက်ရှိမှာ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ရင်း ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုကိုလည်း အောင်အောင်မြင်မြင် တည်ထောင်ထားတာ ဖြစ်ပါတယ်။


 ဒီတစ်ခေါက်မှာတော့ မိုးဟေကိုက သူမရဲ့ ချစ်စရာကောင်းတဲ့ ခွေးကြီးတွေနဲ့ ဆော့ကစားနေတဲ့ သူမရဲ့ ပုံရိပ်တွေကို ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် မိုးဟေကိုရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။မိုးဟေကိုက သူမရဲ့ အချစ်တော် ခွေးကြီးတွေနဲ့ ကလေးတစ်ယောက်လို လွတ်လပ်ပျော်ရွှင်နေပြီး လန်းဆန်းနေတာကို တွေ့မြင်ရပါတယ်။
မိုးဟေကိုက အသက်(၃၀) ကျော် အရွယ်ကို ရောက်ရှိနေပြီဖြစ်ပေမယ့် အိမ်ထောင်မပြုသေးပဲ မိဘတွေကို ပြုစုရင်း အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေလျက်ရှိပါတယ်။မိုးဟေကိုကတော့ ဘယ်အချိန်ကြည့်ကြည့် လှနေတာပဲနော်။ ပရိသတ်ကြီးလည်း မိုးဟေကိုရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Moe Hay Ko's fb

POPULAR POSTS

ads