Breaking

Wednesday, November 13, 2019

အနေအေးလွန်းတဲ့ခင်ပွန်း ဏကြီးနဲ့ အတူတူကြော်ငြာရိုက်ကူးခဲ့တဲ့ပုံရိပ်တွေကို မျှဝေလာတဲ့ ပိုင်ဖြိုးသု

 ပရိသတ်တွေအားလုံးက "မီမောင်နှံ" လို့ ချစ်စနိုးနဲ့ တင်စားခေါ်ဝေါ်ကြတဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာ ဏကြီးတို့က အနုပညာလောကမှာ အသီးသီး အောင်မြင်တဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုကလည်း သရုပ်ဆောင်တဲ့နေရာမှာ အကယ်ဒမီဆုကြီးကို ပိုင်ဆိုင်ရရှိထားသလို ဒါရိုက်တာဏကြီးကလည်း ထူးချွန်ဆုတွေ ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ပိုင်ဖြိုးသုနဲ့ ဏကြီးတို့ကို စိတ်ဝင်တစား စောင့်ကြည့် အားပေးကြတာပဲ ဖြစ်ပါတယ်။

 ဒီနေ့မှာတော့ ပရိသတ်ကြီးချစ်တဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာ ဏကြီးတို့က   ကြော်ငြာတစ်ခုကို အတူတူ ရိုက်ကူးနေတာကို တွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ပိုင်ဖြိုးသုနဲ့ ဏကြီးတို့ရဲ့ ရိုက်ကွင်းပေါ်မှ ရိုက်ကွင်းအမှတ်တရ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ဏကြီးက ဒါရိုက်တာအဖြစ် အချိန်အတော်ကြာ ရပ်တည်ခဲ့သူဖြစ်ပြီး မင်းသမီးလေး ပိုင်ဖြိုးသုနဲ့ကျမှပဲ ကြော်ငြာမှာ ပထမဦးဆုံးအကြိမ်အဖြစ် သရုပ်ဆောင်နေရတာပဲ ဖြစ်ပါတယ်။

ဏကြီးနဲ့ ပိုင်ဖြိုးသုက အခုဆိုရင် အိမ်ထောင်သက်တမ်း တစ်နှစ်နီးပါး အချိန်ရှိနေပြီဖြစ်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် ကြင်စဦးဇနီးမောင်နှံတွေလို ကြင်ကြင်နာနာ ရှိကြတာပဲ ဖြစ်ပါတယ်။ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ကတော့ ကြော်ငြာတစ်ခုမှာ အတွဲညီညီနဲ့ အတူတူ သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံရဲ့ ကြော်ငြာအသစ်လေးထွက်လာရင် အားပေးကြပါဦးနော်။

Rowena
Source: Paing Phyo Thu's fb

POPULAR POSTS

ads