Breaking

Wednesday, November 13, 2019

” အချစ်ရေးနဲ့ပတ်သက်ရင် အမြဲတမ်း ကံမကောင်းဘူးဆိုတဲ့ စိုင်းစိုင်း “

 အဆိုတော်တွေထဲမှာ စိုင်းစိုင်းခမ်းလှိုင်ကတော့ မသိသူမရှိသလောက်ပါပဲနော်။HipHop လောကမှာ အောင်မြင်မှုကို ကြာရှည်စွာထိန်းထားနိုင်တဲ့ ထိပ်တန်းရှားရှားပါးပါးအနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေ အရွယ်မျိုးစုံ အားပေးတဲ့ စိုင်းစိုင်းကတော့ တစ်ပုဒ်ဆိုတစ်ပုဒ် ပရိသတ် ပါးစပ်ဖျားမှာ ရေပန်းစားအောင် လုပ်နိုင်သော အနုပညာရှင်တစ်ဦးလို့ ဆိုရမှာပါ။အမျိုးသမီးပရိသတ်တွေရဲ့ အသည်းစွဲ အနုပညာရှင်ဖြစ်တာကြောင့် တချို့ သော အမျိုးသားပရိသတ်တွေရဲ့ Troll ခြင်းခံရတာတွေတော့ရှိပေမယ့် သူ့ကို Troll တဲ့သူတွေကို ပညာသားပါပါ တုံ့ပြန်ကာ ပရိသတ်တွေကို အချစ်ကို ပိုမိုတိုးလာအောင် ပြုလုပ်တတ်ပါသေးတယ်နော်။

 အဆိုဘက်မှသာမက သရုပ်ဆောင်အပိုင်းမှာလည်း ဝါသနာပါတဲ့ စိုင်းစိုင်းကတော့ ဂီတရုပ်ရှင်လို့တောင်ဆိုရမယ့် ဂီတနဲ့ပါင်းစပ်ထားတဲ့ ” ပိတောက်ကတဲ့ ဂီတ ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ မကြာခင်ကပဲ ရိုက်ကူးပြီးစီးခဲ့တာပါ။ စိုင်းစိုင်းကတော့ အခုချိန်ထိ သူ့ရဲ့အချစ်ရေးကိစ္စကို ဖွင့်မပြောသေးဘဲ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့ နေနေတာကြောင့်ပရိသတ်တွေကတော့အထူးစိတ်ဝင်စားခြင်းခံရတဲ့သူတွေထဲမှာ စိုင်းစိုင်းအချစ်ရေးကတော့ထိပ်ဆုံးကပါပဲနော်။
လက်ရှိမှာလည်း အချစ်ရေးနဲကပတ်သက်ရင် သူများတေါကိုဆရာလုပ်ကာ အကြံပေးခဲ့သမျှ ကိုယ်ကိုယ်တိုင်ကကံမကောင်းဘူးလို့ ရင်ဖွင့်ခဲ့တာပဲ ဖြစ်ပါတယ်။ ” အချစ်ရေးရာဆိုတာသူများကိစ္စတွေမှာ ဆရာကြီးလုပ်လို့ကောင်းသလောက်ကိုယ့်အလှည့်ကျတော့ ကျွမ်းပြန်ကျတာမျိုးနေမှာပါကွာ ” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့တာကြောင့် သူ့ရဲ့ ပရိသတ်တွေက တော့ လူပျိုကြီး ပဲ လုပ်နေပါလို့ မှတ်ချက်တွေပေးနေကြတာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း စိုင်းစိုင်းနဲ့အဖြစ်တူတဲ့သူတွေ၇ှိရင် မှတ်ချက်ပေးခဲ့ပါဦးနော်။Source : Sai Sai Kham Leng
Candy -CeleConnectios

POPULAR POSTS

ads