ပရိသတ်တွေ ကို ရယ်စရာဟာသ video လေးများ နဲ့ တင်ဆက်ပေးရင်း နာမည်ကြီးလာတဲ့ ဖြူဖြူထွေးဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူ့ရဲ့ ဝါသနာ အနပညာပိုးကြောင့် ခုဆိုရင် ကြော်ငြာများစွာ နဲ့ အနုပညာလှုပ်ရှားမှုများစွာ လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေးပရိသတ်တွေအတွက် ဖြူဖြူထွေး ရဲ့ အလှပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဖြူဖြူထွေးက Online ပေါ်မှာ ရယ်စရာဟာသ video လေးတွေရိုက်ရင်း ကနေပရိသတ်တွေအားပေးမှုများလာပြီး ခုဆိုရင်အောင်မြင်မှုလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းရင် အနုပညာအလုပ်တွေ လုပ်ကိုင်နေတာပါ။လက်ရှိမှာလည်း ဖွေးဖွေး တို့နဲ့အတူ ရုပ်ရှင်ရိုက်ကူးတော့မှာပဲ ဖြစ်ပါတယ်။
ဖြူဖြူထွေးက သူမ ရရှိတဲ့ အနုပညာကြေးလေးနဲ့ မိဘများအတွက် တိုက်အိမ်လေး တစ်လုံးဆောက်လုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးက မိဘများအတွက် ဆောက်ပေးထားတဲ့ တိုက်အိမ်လေးကို အိမ်သစ်တက်ပွဲအလှူပြုလုပ်ပြီး ရွာ၃ရွာ မီးခိုးတိတ်ကျွေးမွေးခဲ့ပါသေးတယ်။ဒီတစ်ခါမှာတော့ ဖြူဖြူထွေး က ပန်းရောင် မြန်မာဝတ်စုံလေးနဲ့ အရမ်းကို ကျက်သရေရှိရှိလှနေတာပဲ ဖြစ်ပါတယ်။
ဖြူဖြူထွေး ရဲ့ အလှပုံရိပ် လေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတက်ရှိပါတယ်နော်။
Moekalay
Source;phyu phyu htwe
Tuesday, November 12, 2019
ပန်းရောင် မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိရှိလှနေတဲ့ ဖြူဖြူထွေး
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity