Breaking

Saturday, November 30, 2019

သင်ကြားရေးအကောင်းဆုံးဆရာမဆုရရှိထားတဲ့ ဆရာမတစ်ဦးက ကျောင်းသားလေးကို ပါးစပ်နဲ့ဖျော်ဖြေခဲ့လို့ သက်ဆိုင်ရာကဖမ်းဆီး

 သင်ကြားရေးအပိုင်းမှာ အကောင်းဆုံးဆရာမဆု ရရှိထားတဲ့ ဆရာမတစ်ဦးဟာ ကျောင်းသားလေးကို ပါးစပ်နဲ့မဖွယ်မရာ ဖျော်ဖြေပေးခဲ့တဲ့အတွက် အခုဆိုရင် သူမကို သက်ဆိုင်ရာက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ဆရာမအမည်ကတော့ Randi Chaverria ဖြစ်ပါတယ်။

သူမဟာ တက္ကဆက်က ကျောင်းတစ်ခုမှာ တာဝန်ကျသူဖြစ်ပြီး၊ ကျောင်းသားနဲ့ လိင်ပိုင်းဆိုင်ရာ မကင်းသူပါ။ ကျောင်းသာဆီကိုလည်း လိင်စိတ်နိုးကြွစေမယ့် ညစ်ညမ်းစာတွေ ပို့ထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သူမဟာ အဲဒီကျောင်းသားကို စာသင်ခန်းထဲမှာ ပါးစပ်နဲ့ မဖွယ်မရာ လုပ်ပေးခဲ့ပါတယ်။
 အခင်းဖြစ်ခဲ့တဲ့ကျောင်းကတော့ Round Rock High School လို့ သိရပါတယ်။ သူမရဲ့လုပ်ရပ်တွေ ပေါ်ပေါက်သွားချိန်မှာပဲ Randi ဟာ ရာထူးကနေ ချက်ချင်းနှုတ်ထွက်သွားပါတယ်။ ကျောင်းသားလေးကို စစ်မေးတဲ့အခါမှာတော့ အောက်တိုဘာတုန်းက သူတို့ မဖြစ်သင့်တာ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီနောက် Randi ဟာ ရဲစခန်းမှာ ကိုယ်တိုင်အဖမ်းခံခဲ့ပါတယ်။ Williamson County Jail မှာ ခေတ္တချုပ်နှောင်ထားပြီး အခုဆို အာမခံနဲ့ ပြန်လွှတ်ထားပါတယ်။ သူမအနေနဲ့ အမှုရင်ဆိုင်နေရတဲ့ ကာလတစ်လျှောက်မှာ သင်ကြားရေးနဲ့ပတ်သက်တဲ့ ကျောင်းတွေ၊ တက္ကသိုလ်တွေနဲ့ ပတ်သက်ခြင်းမပြုဖို့ ပြည်နယ်ပညာရေးရုံးက တားမြစ်မိန့်ထုတ်ပြန်ခဲ့ပါတယ်။
ဆရာမ Randi ဟာ ပြီးခဲ့တဲ့ မေလက Secondary Teacher of the Year ဆုကို ထိုက်တန်စွာ ရရှိခဲ့ပါတယ်။ ဒီလိုပဲ Adopt-A-Child အစီအစဉ်ကိုလည်း အောင်မြင်စွာ ဦးဆောင်နိုင်ခဲ့ပါတယ်။ သိပ္ပံဘာသာပြဆရာမအဖြစ် နာမည်ကြီးခဲ့ပေမယ့် အခုတော့ အမှုရင်ဆိုင်ရတော့မှာပါ။

crd-လင်းဇော်ကို D Nae Khit Media

POPULAR POSTS

ads