ရတနာခင်လို့ ဆိုလိုက်တာနဲ့ Cele Connections ပရိသတ်ကြီးလည်း တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ မော်ဒယ်လ်မင်းသမီးချောလေး တစ်ယောက်ဆိုတာကို သိပြီးဖြစ်မှာပါနော် ။ Music MTV တွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးပြီး ပရိသတ်ချစ်ခင်မှုရရှိခဲ့တဲ့ ရတနာခင်ကတော့ အခုချိန်မှာ အနုပညာအလုပ်တွေကို ရပ်နားပြီး မိသားစုကို အချိန်ပေးနေပြီပဲဖြစ်ပါတယ် ။ သူမကိုအရမ်းချစ်တဲ့ ခင်ပွန်းနဲ့အတူ ချစ်စရာသားလေးသုံးယောက်ကို ပိုင်ဆိုင်ထားရတဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက် ဖြစ်လို့နေပါပြီ ။
ဒီနေ့နိုဝင်ဘာလ (၂၅) ရက်နေ့ကတော့ ရတနာခင်တို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်သက် (၁၄) နှစ်ပြည့်ရက်မြတ်လေးဖြစ်ပါတယ် ။ သူမတို့ရဲ့ နှစ်ပတ်လည် အထိမ်းအမှတ်အနေနဲ့ “အိမ်ထောင်သက် ၁၄ နှစ်မှာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ချိုတလှည့်ခါးတလှည့် ဖြတ်သန်း ခဲ့ရပေမယ့် မိန်းမအပေါ်မှာ ယနေ့အထိ သစ္စာရှိတဲ့ခင်ပွန်းတယောက်အဖြစ် နေပေးခဲ့ တာ ကျေးဇူးပါယောက်ျားရေတခြား တန်ဖိုးကြီးတဲ့ Anniversary လက်ဆောင်တွေထက် တန်ဖိုး မဖြတ်နိုင်တဲ့သစ္စာတရား ကို ပေးခဲ့တဲ့အတွက် လည်း ဘယ်အရာဝတ္ထု ကိုမှ မမက်မောတော့ပါဘူး ” ဆိုတဲ့စာသားလေးကို ရတနာခင်က သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားတာဖြစ်ပါတယ် ။
အိမ်ထောင်သက် (၁၄) နှစ်ကာလအတွင်း ဘာနာမည်ပျက်မှမရှိခဲ့သလို ပရိသတ်အားကျရတဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ ရတနာခင်တို့ ဇနီးမောင်နှံနှစ်ယောက် ယနေ့မှစပြီး နောင်နှစ်တွေ အများကြီးထိ အိုအောင်မင်းအောင် ရိုးမြေကျ ပျော်ရွှင်စွာလက်တွဲသွားနိုင်ပါစေလို့ Cele Connections ကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။ ပရိသတ်ကြီးကလည်း ရတနာခင်တို့ဇနီးမောင်နှံရဲ့ နှစ်ပတ်လည်နေ့လေးအတွက် ဂုဏ်ပြုစကားလေး ပြောပေးခဲ့ပါဦး ။
Source : Yadanar Khin
Molly ( Cele Connections)
Monday, November 25, 2019
Home
/
Celebrity
/
အိမ်ထောင်သက် (၁၄) နှစ်အမှတ်တရအနေနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့လက်ဆောင်ကို ရခဲ့တဲ့ ရတနာခင်
အိမ်ထောင်သက် (၁၄) နှစ်အမှတ်တရအနေနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့လက်ဆောင်ကို ရခဲ့တဲ့ ရတနာခင်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity