"အချစ်သင်္ကေတ" ဇာတ်လမ်းတွဲမှာကတည်းက မာယာချိုဆိုတဲ့ ဇာတ်ကောင်နဲ့ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ မင်းသမီးချောလေး ဝင့်ယမုံနိုင်က ဇာတ်လမ်းတွဲတွေရဲ့ အရှင်သခင်မလေးလို့တောင် ဆိုလို့ရပါတယ်။ ဝင့်ယမုံနိုင်က "ကျွန်မကမဟေသီ"၊ "စိတ်၏ခြေရာ" အစရှိတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့လည်း ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ရရှိထားတာ ဖြစ်ပါတယ်။
တစ်နေ့တစ်ခြား အလှတွေတိုးလာတဲ့ မင်းသမီးချောလေး ဝင့်ယမုံနိုင်က ဒီနေ့မှာတော့ သူမရဲ့ ပုံရိပ်အချို့ကို ပရိသတ်တွေဆီ မျှဝေထားပါတယ်။ မိုမိုလေးပရိသတ်အတွက် ဝင့်ယမုံနိုင်ရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဝင့်ယမုံနိုင်က အရုပ်မလေးတစ်ရုပ်လို ထိရက်စရာမရှိအောင် လှပနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝင့်ယမုံနိုင်ရဲ့ ပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်။
ဝင့်ယမုံနိုင်က လွန်ခဲ့တဲ့လပိုင်းက "အခန်းနံပါတ် ၁၈" ဆိုတဲ့ ဇာတ်လမ်းတွဲကို ကျော်ဆု၊ နေခြည်ရွှန်းလက်၊ သက်ဦးကို၊ လင်းမြတ်၊ ရန်လင်းအောင်၊ မြနှင်းရည်လွင်နဲ့ အခြားသောသရုပ်ဆောင်ပေါင်းများစွာနဲ့ အတူတူ တောင်ကြီးမြို့မှာ ရိုက်ကူးခဲ့ပြီး လက်ရှိမှာလည်း အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ကိုင်နေပါတယ်။
ဝင့်ယမုံနိုင်ကတော့ တစ်နေ့တစ်ခြား ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို များစွာ ရရှိနေသူလေးပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ဆက်လက်ပြီးတော့ ဝင့်ယမုံနိုင်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို အားပေးကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: Wint Yamone Naing's fb
Wednesday, November 13, 2019
Home
/
Celebrity
/
ကြည်လင်တောက်ပတဲ့ အပြုံးလေးနဲ့ ဘိုမရုပ်လေးတစ်ရုပ်လို ချစ်စရာကောင်းနေတဲ့ ဝင့်ယမုံနိုင်
ကြည်လင်တောက်ပတဲ့ အပြုံးလေးနဲ့ ဘိုမရုပ်လေးတစ်ရုပ်လို ချစ်စရာကောင်းနေတဲ့ ဝင့်ယမုံနိုင်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity