ယွန်းယွန်းဟာ ငယ်စဉ်ကတည်းက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုအထူးရရှိခဲ့တဲ့ ကလေးသရုပ်ဆောင် မင်းသမီးလေးတစ်ယောက်ပဲဖြစ်ပါတယ်။ အခုအခါမှာတော့ သူမရဲ့ ကလေးသရုပ်ဆောင်ဆိုတဲ့ ပုံရိပ်ပျောက်ကွယ်ပြီး မင်းသမီးငယ်လေးတစ်ယောက်အဖြစ် ပရိသတ်လက်ခံလာတာလည်းတွေ့ရပါတယ်။ ယွန်းယွန်းဟာ တစ်ဖက်မှာ အနုပညာအလုပ်တွေဆက်တိုက်လုပ် ကိုင်နေသလို တစ်ဖက်မှာလည်း ကျောင်းပညာကိုဆက်လက်လေ့လာနေတာလည်းဖြစ်ပါတယ်။
ယွန်းယွန်းက သူမရဲ့ဖေဖေဖြစ်သူကိုယ်တိုင် ရွေးထားပေးတဲ့ မြန်မာဝတ်စုံလေးနဲ့ သူမရဲ့ချစ်ဖို့ကောင်းတဲ့ ပုံရိပ်တွေကို ပရိသတ်တွေဆီမျှဝေခဲ့တာလည်းဖြစ်ပါတယ်။ယွန်းယွန်းဟာ ၂၀၁၆ ခုနှစ်မှာ မြန်မာ၊ ဇီဝ နှစ်ဘာသာဂုဏ်ထူးနဲ့ တက္ကသိုလ် ဝင်တန်းစာမေးပွဲကို အောင်မြင်ခဲ့ပြီး အခုအခါမှာတော့ ရန်ကုန်တက္ကသိုလ်မှာ စိတ်ပညာအထူးပြုနဲ့ကျောင်းတက်နေတာလည်းဖြစ်ပါတယ်။
ငယ်ငယ်ထဲက ဆံပင်ရှည်ပြုံးလိုက်ရင်လည်းပါးချိုင့်လေးနဲ့ လှနေတဲ့ ကလေးလေးယွန်းယွန်းဟာ အရွယ်ရောက်လာတဲ့အခါမှာလည်း လူကြီးဆန်ဆန်လှပနေတာပဲဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေလည်း ချစ်စရာကောင်းတဲ့ ယွန်းယွန်းလေးကိုချစ်ကြသေးလားဗျ။ အဆုံးထိဖတ်ရှုပေးတဲ့ အတွက်မိုမိုလေးမှ ကျေးဇူးတင်ရှိပါတယ်။
Ref: Yoon Yoon's FB
Leo
Monday, November 11, 2019
Home
/
Celebrity
/
ဖေဖေဖြစ်သူကိုယ်တိုင် ရွေးထားပေးတဲ့ မြန်မာဝတ်စုံလေးနဲ့ အရမ်းချစ်ဖို့ကောင်းနေတဲ့ ယွန်းယွန်း
ဖေဖေဖြစ်သူကိုယ်တိုင် ရွေးထားပေးတဲ့ မြန်မာဝတ်စုံလေးနဲ့ အရမ်းချစ်ဖို့ကောင်းနေတဲ့ ယွန်းယွန်း
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity