Breaking

Monday, November 11, 2019

မြန်မာနိုင်ငံရဲ့ဖက်ရှင်ဘုရင်မတွေလို့ တင်စားခံရလေ့ရှိတဲ့ မင်းသမီး(၃)ဦး

 ရုပ်ရှင်သရုပ်ဆောင်မင်းသမီးတွေဟာ အနုပညာအရည်အချင်းပြည့်ဝရမှာဖြစ်သလို နေရာဒေသ၊ဇာတ်ဝင်ခန်းအမျိုးမျိုးနဲ့လိုက်ဖက်အောင် ဝတ်စားဆင်ယင်နိုင်ဖို့ကလည်းအရေးကြီးပါတယ်။သရုပ်ဆောင်ပညာမှာထူးချွန်သလို ဖက်ရှင်ပိုင်းဆိုင်ရာမှာလည်း အခြားသူတွေငေးသွားလောက်အောင် ပြောစမှတ်တွင်လောက်အောင် ထူးထူးခြားခြားပြင်ဆင်လေ့ရှိတဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးတွေရှိပါတယ်။ပရိသတ်တွေက ဖက်ရှင်ဘုရင်မတွေလို့ညွှန်းဆိုတင်စားရလောက်အောင်နာမည်ကြီးတဲ့ မင်းသမီး(၃)ဦးကတော့
(၃) မိုးဟေကို
 ဖက်ရှင်ဘုရင်မတစ်ယောက်အပြင် အလှဘုရင်မတစ်ယောက်ရယ်လို့သတ်မှတ်ရမယ့် မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတင်လက်ပါပဲ။မြန်မာဆန်ဆန်ပဲဖြစ်ဖြစ် အနောက်တိုင်းဆန်ဆန်ပဲဆိုဆို ဘယ်လိုဖက်ရှင်မျိုးနဲ့မဆိုလိုက်ဖက်ပြီး ညှို့ချက်ပြင်းပြင်းဆွဲဆောင်မှုရှိရှိဖမ်းစားနိုင်တဲ့သူတစ်ယောက်ပါ။အများကြားမှာထင်ပေါ်တောက်ပလွန်းတာကတော့ မိုးရဲ့အလှကြောင့်လားဖက်ရှင်ပိုင်းမှာပြင်ဆင်မှုကောင်းမွန်တာလား နှစ်ခုစလုံးကြောင့်လားဆိုတာ မဝေခွဲတတ်လောက်အောင်ပါပဲ။ဒါကြောင့် ဖက်ရှင်ဘုရင်မလို့ တင်စားကြတာလွန်မယ်မထင်ပါဘူး…။
(၂) ဝတ်မှုန်ရွှေရည်
 ပိန်ပိန်ပါးပါးဖြူဖြူသွယ်သွယ်နဲ့ အရွယ်နဲ့မလိုက်အောင်နုပျိုတဲ့ ရွှေမင်းသမီးလေးတစ်ဦးပါ။ပရိသတ်တွေရှေ့စတင်ရောက်ရှိလာချိန်ကတည်းက ဖက်ရှင်ပိုင်းကိုဂရုစိုက်ဝတ်ဆင်တတ်သူဆိုတာ ပရိသတ်တွေသတိထားမိကြမှာပါ။ရိုးရှင်းပြီးအထက်တန်းဆန်တဲ့ဖက်ရှင်မျိုးကို အများဆုံးဝတ်လေ့ရှိပြီး ခပ်မိုက်မိုက်စတိုင်မျိုးဆိုရင်လည်း တမူထူးခြားအောင်ဝတ်ဆင်နိုင်စွမ်းရှိသူဖြစ်ပါတယ်။ Star Awards (2018) ဆုပေးမွဲမှာ Fashion Star (Female) Awards ဆုကိုရရှိထားတာလည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာထိပ်တန်းမင်းသမီးတစ်လက်ဖြစ်နေပြီး ပွဲတိုင်းမှာရွှေကစ်တစ်ယောက် ဘယ်လိုတွေဝတ်လာမလဲဆိုတာ မီဒီယာနဲ့ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အများဆုံးရရှိထားသူတွေထဲကတစ်ယောက်ဖြစ်ပါတယ်။
(၁) အိန္ဒြာကျော်ဇင်
အပျိုတွေရှုံးအောင်လှရက်တဲ့ မေမေအူဝဲဟာလည်း ဖက်ရှင်ဘုရင်မအနေနဲ့ပရိသတ်တွေရဲ့အားပေးမှုကိုရရှိထားသူရွှေမင်းသမီးတစ်လက်ပါပဲ။သရုပ်ဆောင်ပိုင်းမှာ အနုပညာမှော်ကဝေဆိုပြီးတင်စားခံရတဲ့ ရှာမှရှားတဲ့ မင်းသမီးတစ်ဦးလည်းဖြစ်ပါတယ်။အသက်နဲ့မလိုက်အောင်လှပကျာ့ရှင်းနေသလို အနုပညာသက်တမ်းတစ်လျှောက်မရိုးသောဖက်ရှင်တွေနဲ့ဖမ်းစားလာတာဖြစ်ပါတယ်။ခေတ်တစ်ခေတ်ကိုဆွဲခေါ်နိုင်လောက်အောင် ဖက်ရှင်ပိုင်းဆိုင်ရာမှာ နေရာဒေသအလိုက်စတိုင်ကျကျဝတ်ဆင်တတ်တဲ့စံပြတစ်ယောက်ဆိုလည်းမမှားပါဘူးနော်…။photo credit : WuttHmoneShweYi,MoeHayKo,EaindraKyawZin,Moe – CeleGabar

POPULAR POSTS

ads