နန်းခင်ဇေယျာ ပရိသတ်များစွာရဲ့ အားပေးချစ်ခင်မှုများစွာရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။တောင်ကြီးသူလေးဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုရရှိထားတဲ့ နန်းခင်ဇေယျာဟာ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်တစ်ယောက်လည်းဖြစ်ပါတယ်။ အလှမယ်တစ်ယောက်အပြင်အနုပညာလှုပ်ရှားမှုတွေကိုပါဆက်တိုက်ပြုလုပ်နေတာလည်းဖြစ်ပါတယ်။
နန်းခင်ဇေယျာဟာ မြန်မာပြည်အထက်ပိုင်းအနှံ့ အနုပညာလှုပ်ရှားမှုတွေနဲ့ ဖျော်ဖြေမှုတွေဆက်တိုက်လုပ်ဆောင်ခဲ့တာဖြစ်ပြီး တန်ဆောင်နိုင်မှာတော့ ရန်ကုန်ကိုပြန်လည်ရောက်ရှိနေပြီး အင်းယားကန်မှာ တန်ဆောင်နိုင်မီးမျှောနေတဲ့ပုံရိပ်တွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာ တစ်ခုဖြစ်တဲ့ ဖေ့ဘုတ်ကနေမျှဝေခဲ့တာလည်းဖြစ်ပါတယ်။
နန်းခင်ဇေယျာဟာ Miss International 2012 နဲ့ အိုကီနာဝါ ဂျပန်ပြိုင်ပွဲကြီးမှာ Miss People's choice နဲ့ Miss internet ဆုကိုရရှိခဲ့ပြီး လက်ရှိမှာ အနုပညာအလုပ်ကိုဇောက်ချလုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။
နန်းခင်ဇေယျာဟာ အနုပညာလောကမှာအောင်မြင်နေတဲ့ အပြင်ပရဟိတလုပ်ငန်းတွေကိုလည်း ပါဝင်လုပ်ကိုင်လေ့ရှိပါတယ်။မိုမိုလေးပရိသတ်တွေရော ချစ်ဖို့ကောင်းတဲ့ နန်းခင်ဇေယျာကို ချစ်ကြရဲ့လားဗျ။ အဆုံးထိဖတ်ရှုပေးတဲ့ အတွက်မိုမိုလေးမှ ကျေးဇူတင်ရှိပါတယ်။
Ref:Nan Khin Zay Yar's FB
Leo
Tuesday, November 12, 2019
မြန်မာဆန်ဆန်လေးနဲ့ ချစ်ဖို့ကောင်းနေတဲ့ နန်းခင်ဇေယျာရဲ့ မီးမျှောနေတဲ့ပုံရိပ်များ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity