ယခုလက်ရှိ MRTV-4 မှာထုတ်လွှင့်ပြသနေတဲ့ ” နွေလယ်ညရဲ့လမင်း ” ဇာတ်လမ်းတွဲလေးမှာလည်း ခြူးလေးက ခေါင်းဆောင်မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးမှာတော့ ခြူးလေးက ဗီလိန်ဇာတ်ရုပ်နဲ့ သူမရဲ့သရုပ်ဆောင်ချက်တွေကို အကောင်းဆုံးချပြထားတာ ဖြစ်ပါတယ်။ အခုလည်း ခြူးလေးက သူမနဲ့ ဘုန်းရှိန်ခန့်ရဲ့ဇာတ်ဝင်ခန်းတစ်ခုကို အိုက်တင်အပြည့်နဲ့သရုပ်ဆောင်ပြထားတဲ့ ဘနားနားရဲ့ဗီဒီယိုဖိုင်လေးကို ပြန်တင်ပေးထားပါတယ်။
ခြူးလေးက ” နွေဘနားနားဦး ” ဆိုပြီး အဆိုတော်ဘနားနားရဲ့ Tik Tok ဗီဒီယိုဖိုင်လေးကို မျှဝေပေးထားတာပဲ ဖြစ်ပါတယ်။ ဘနားနားကတော့ ခြူးလေးနဲ့ ဘုန်းရှိန်ခန့်ရဲ့ဇာတ်ဝင်ခန်းလေးကို ခံစားချက်အပြည့်နဲ့ အပီအပြင်သရုပ်ဆောင်ပြပြီး Tik Tok ကစားပြလိုက်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခြူးလေးတင်ပေးထားတဲ့ အဆိုတော်ဘနားနားရဲ့ အခွီဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။credit – myanmarload