CeleConnections ပရိသတ်ကြီးရေ ဒီနေ့မှာတော့ ဖြိုးမြတ်အောင်တစ်ယောက် အကြီးအကျယ်ကိုပေါက်ကွဲနေတာကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ” လူဆိုတာ အဖြစ်အပျက်တစ်ခုကို ကိုယ်တိုင်ကြုံဖူးမှ ကိုယ်ချင်းစာတတ်ပြီး သိမှာ ဇီးသီးသည်မဗျိုင်း မဟုတ်ဘူးဗျ ” ဆိုတဲ့ ပေါက်ကွဲတဲ့စာတစ်ချို့ကို တင်ခဲ့တာပါ။
မနေ့ကျင်းပခဲ့တဲ့ Myanmar Idol အဆိုပြိုင်ပွဲကို သွားရောက်ကြည့်ရှူခဲ့ပြီး ဝင်ခွင့်မရခဲ့ဘူးလို့ သိရခဲ့တာ ဖြစ်ပြီး အခုတင်လာတဲ့ ကိစ္စနဲ့ ပတ်သက်နေလားဆိုတာ စဉ်းစားစရာပါပဲနော်။သူ့အနေနဲ့ အောင်မြင်လာတဲ့အချိန်မှ အောင်ခြေလွတ်တတ်တဲ့ သူတစ်ယောက်မဟုတ်ဘူးလို့ ပြန်လည်ချေပပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။
ဖြိုးမြတ်အောင်ကတော့ Myanmar Idol Season ( 3 ) ရဲ့ Winner တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးချစ်ရတဲ့ အဆိုရှင်တစ်ယောက်လည်းဖြစ်ပါတယ် ။ လူကြီးလူငယ်မရွေး သဘောကျခံရတဲ့အဆိုရှင်တစ်ဦးဖြစ်ပြီး အသံပါဝါကောင်းကောင်းကို ရရှိပိုင်ဆိုင်ထားတဲ့သူတစ်ယောက်လို့ ဆိုရမှာပါ။ သူရဲ့ ရိုးသားပွင့်လင်းတဲ့အပြောလေးတွေနဲ့ မာန်မာနမရှိမှုတွေကြောင့်ပရိသတ်တွေအချစ်ပိုနေရတယ်ဆိုလည်းမမှားပါဘူးနော်။ ပြိုင်ပွဲကနေ ဆုရရှိပြီးနောက်မှာ အနုပညာနယ်ပယ်မှာ အောင်မြင်စွာ လျှောက်လှမ်းနေပြီပဲ ဖြစ်ပါတယ်။CeleConnections ပရိသတ်ကြီးလည်း ဖြိုးမြတ်အောင်ရဲ့ ပိုစ့်နဲ့ပတ်သက်ပြီး ထင်မြင်ချက်လေးတွေပေးခဲ့ပါဦးနော်။Source : Phyo Myat Aung
crd-Candy – CeleConnections
Saturday, November 30, 2019
Home
/
Celebrity
/
” ဘဝမေ့တယ်လို့ ဝေဖန်ပြောဆိုသူတွေကို စကားပုံလေးနဲ့ တုံ့ပြန်ချေပလိုက်တဲ့ ဖြိုးမြတ်အောင် “
” ဘဝမေ့တယ်လို့ ဝေဖန်ပြောဆိုသူတွေကို စကားပုံလေးနဲ့ တုံ့ပြန်ချေပလိုက်တဲ့ ဖြိုးမြတ်အောင် “
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity