မိုးစက်ဝိုင်ဟာ မော်ဒယ်လောကက စတင်ပြီး ပရိသတ်တွေကြားမှာရေပန်းစားကျော်ကြားလာခဲ့တဲ့ အနုပညာရှင်တစ်ဦးပါ။ သူမရဲ့ အရပ်မြင့်မြင့်ဆွဲဆောင်မှုကောင်းတဲ့ ပုံရိပ်တွေကြောင့် မော်ဒယ်လောကမှာအောင်မြင်ရုံသာမကပဲ သီချင်းဗီဒီယိုတွေကတစ်ဆင့် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ ရိုက်ကူးနေရသူလည်းဖြစ်ပါတယ်။
မိုးစက်ဝိုင်ဟာ အခုအခါမှာတော့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ ပုံဂံမြို့ကိုရောက်ရှိနေတာလည်းဖြစ်ပါတယ်။ ပုဂံမြို့ရဲ့အလှအပတွေနဲ့လိုက်ဖက်နေပြီး သူမရဲ့ ချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုကောင်းနေတဲ့ ပုံရိပ်တွေကိုမျှဝေခဲ့တာလည်းဖြစ်ပါတယ်။
မိုးစက်ဝိုင်ဟာ အရပ် ၅ပေ၁၀လက်မရှိတဲ့ အရပ်မြင့်မြင့်နဲ့ အင်တာနေရှင်နယ်ဆန်တဲ့ အလှမယ်တစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်နေရင်း သူမချစ်တဲ့ အနုပညာကိုတစိုက်မတ်မတ် လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။
အနုပညာမှာတော်သလို ပညာရေးဘက်မှာလည်း ဒဂုံတက္ကသိုလ်က အင်္ဂလိပ်စာမေဂျာဖြစ် ကျောင်းပြီးခဲ့တဲ့အပြင် အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယား လူတရန် တက္ကသိုလ်မှ စီးပွားစီမံဘွဲ့ကိုရရှိထားသူလည်းဖြစ်ပါတယ်။မိုမိုလေးပရိသတ်တို့ရော အရပ်ရှည်ရှည်နဲ့ အရမ်းလှနေတဲ့ မိုးစက်ဝိုင်ကိုအားပေးကြသေးလားဗျ။ အဆုံးထိဖတ်ရှုပေးတဲ့အတွက် မိုမိုလေးမှကျေးဇူးတင်ရှိပါတယ်။
Ref:Moeset Wine's FB
Leo
Sunday, November 10, 2019
Home
/
Celebrity
/
ပုဂံမြို့ရောက် ပုဂံမြို့အလှနဲ့အတူရိုးရိုးယဉ်ယဉ်နဲ့အလှဆုံးပုံရိပ်လေးတွေမျှဝေခဲ့တဲ့ အလှမယ် မိုးစက်ဝိုင်
ပုဂံမြို့ရောက် ပုဂံမြို့အလှနဲ့အတူရိုးရိုးယဉ်ယဉ်နဲ့အလှဆုံးပုံရိပ်လေးတွေမျှဝေခဲ့တဲ့ အလှမယ် မိုးစက်ဝိုင်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity