တစ်ခေတ်တစ်ခါက အရမ်းနာမည်ကြီးခဲ့တဲ့ အဆိုတော် ဂရေဟမ်ရဲ့ သမီးကြီး ပန်းရောင်ခြယ်လေးကတော့ ချစ်စရာကောင်းလွန်းတာကြောင့်ရော၊ ဖခင်ဖြစ်သူနဲ့တူလို့ အနုပညာအရည်အချင်း အပြည့်အဝရှိတာကြောင့်ပါ ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို အပြည့်အဝ ရရှိထားတာပါ။ လတ်တလောမှာတော့ ပန်းရောင်လေးက အရမ်းကို တည်ငြိမ်ရင့်ကျက်တဲ့ အလှဆုံး ဖက်ရှင်လေးနဲ့ ပွဲတက်ခဲ့တဲ့ သူမရဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ပန်းရောင်ခြယ်လေးကတော့ ရိုးရှင်းပြီး အေးချမ်းတဲ့အလှကို ပိုင်ဆိုင်ထားတာမို့ ပရိသတ်တွေက အရမ်းချစ်ကြတာပါနော်။
ပန်းရောင်ခြယ်ကတော့ "မန္တလေး KMC ကျောင်းမှာ ခဏလေးပေမယ့် ပျော်ခဲ့ရ 🏫💖 " ဆိုပြီး မန္တလေးက ကျောင်းပွဲတစ်ခုမှာ သီချင်းဆိုဖျော်ဖြေခဲ့တဲ့ သူမရဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ပန်းရောင်ခြယ်ကတော့ ဖခင်နဲ့တူလို့ အဆိုဝါသနာပါသူတစ်ဉီးဖြစ်ပြီး သရုပ်ဆောင်ပိုင်းမှာလည်း ပါရမီပါသူတစ်ဉီးပါ။
ပန်းရောင်ခြယ်ကတော့ လတ်တလောမှာ သူမရဲ့ပရိသတ်တွေအတွက် သီချင်းသစ်တွေ ဆက်တိုက်ပြုလုပ်ဖြစ်နေပြီး ဇာတ်ကားတွေလည်း ရိုက်ကူးဖြစ်နေတာပါ။ ပန်းရောင်ခြယ် အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ "လိပ်ပြာ" ဇာတ်လမ်းတွဲကြီးကလည်း ရုပ်သံလိုင်းတွေမှာ ပြသနေပြီပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို လှရက်လွန်းတဲ့ ပုံပြင်ထဲက အရုပ်မလေး ပန်းရောင်ခြယ်ကိုချစ်ရင်share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source:Pann Yaung Chel's Facebook
Photo:Thein Zaw Min
Monday, November 11, 2019
ပုံပြင်ထဲက မင်းသမီးလေးလို မဟာဆန်လွန်းတဲ့ ပန်းရောင်ခြယ်ရဲ့ပွဲတက်ပုံရိပ်တွေ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity