Breaking

Thursday, November 7, 2019

မင်းအချစ်တွေနဲ့တင်လှနေလို့ မိတ်ကပ်တောင်သိပ်မလိမ်းဖြစ်တော့ဘူးဆိုတဲ့ ဝေလာရီ

 အရမ်းလှတဲ့ မျက်ခုံး၊ မျက်လုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ မွန်မင်းသမီးချောလေး ဝေလာရီက အချိန်တိုအတွင်း အောင်မြင်မှုတွေ ရရှိထားသူ ဖြစ်ပါတယ်။ ဝေလာရီက "နှင်းဆီ" ဇာတ်လမ်းတွဲနဲ့ အောင်မြင်မှုတွေ ရရှိထားပြီ ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ခံနေရတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ဝေလာရီရဲ့ အနုပညာလှုပ်ရှားမှုတွေကို စိတ်ဝင်တစား စောင့်ကြည့်အားပေးကြတာ ဖြစ်ပါတယ်။

 ဒီနေ့မှာတော့ ဝေလာရီက သူမရဲ့ ချစ်စရာကောင်းပြီး လှပတဲ့ ပုံရိပ်တွေကို ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ဝေလာရီရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဝေလာရီက "make up တွေ သိပ်မလိမ်းဖြစ်တော့ဘူး .. မင်းအချစ်တွေနဲ့တင် .. လှပနေတတ်ပြီ" တဲ့ 😍ဝေလာရီကတော့ အောင်မြင်လာတာနဲ့အမျှ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေရပြီး မကြာခင်မှာလည်း "မမှီဝဲနဲ့ ကင်းအောင်နေ" ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်။

ဝေလာရီကတော့ ပရိသတ်တွေရဲ့ အချစ်ကြောင့် တစ်နေ့တစ်ခြား လှပလာတာပဲနော်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ဝေလာရီရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Wai Lar Ri's fb

POPULAR POSTS

ads