Breaking

Monday, November 25, 2019

လူငယ်ဆန်ဆန် လွတ်လပ်ပေါ့ပါးတဲ့ဖက်ရှင်လေးနဲ့ ချစ်စရာကောင်းနေတဲ့ ပိုးမမှီသာ

 ချစ်စရာကောင်းတဲ့ အပြုံးလေးတွေရဲ့ပိုင်ရှင် ပိုးမမှီသာက စိုင်းစိုင်းခမ်းလှိုင်ရဲ့ ‘သင်္ခါရသီချင်းတစ်ပုဒ်’ MV မှာ သရုပ်ဆောင်ရင်း အောင်မြင်မှုရရှိလာတာ ဖြစ်ပါတယ်။
အဲ့ဒီနောက် တစ်စထက်တစ်စ အောင်မြင်လာပြီး မကြာသေးခင်က စိုင်းစိုင်းခမ်းလှိုင်နဲ့ ‘ပိတောက်ကတဲ့ဂီတ’ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

 ချစ်စရာကောင်းတဲ့ မိန်းကလေး ပိုးမမှီသာက ဒီနေ့မှာတော့ လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်လေးနဲ့ အရမ်းလှနေတာကို တွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပိုးမမှီသာရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုးမမှီသာက အလုပ်သင်ဆရာဝန်မလေးတစ်ဦးဖြစ်ပြီး ကျောင်းစာတွေလည်း လုပ်ကိုင်နေသလို အနုပညာလုပ်ငန်းတွေကိုလည်း ကြိုးစားပြီး မျှတစွာ လုပ်ကိုင်နေသူလေးပဲ ဖြစ်ပါတယ်။အမြဲတမ်း ပြုံးနေတတ်ပြီး အေးချမ်းလွန်းတဲ့ ပိုးမမှီသာကို မိန်းကလေးပရိသတ်တွေက ချစ်ခင်ကြသလို ယောကျာ်းလေးပရိသတ်တွေကလည်း ဝန်းရံအားပေးကြတာကို တွေ့မြင်ရပါတယ်။

ပိုးမမှီသာကတော့ အမြဲတမ်း လှနေသူလေးဖြစ်ပြီး ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားနိုင်သူလေး ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုးမမှီသာရဲ့ အလှပုံရိပ်တွေကိုကြည့်ပြီး ကျေနပ်ကြမယ် ထင်ပါတယ်။



ads