ကျွန်ုပ်ဆိုရင်တော့ လုံးဝကိုကြက်သေ သေသွားသလို အံသြမင်တက်ပြီး ရပ်ကြည့်နေမိမှာပါ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံ Kunming မြို့ကို အလည်လာခဲ့တဲ့ ခရီးသွားအမျိုးသမီးတစ်ဦးဟာ အဆိုပါ Drama ဆန်လွန်တဲ့ အဖြစ်အပျက်မျိုးနဲ့ကြုံတွေ့ခဲ့လို့ video နှင့်တကွ ပြန်လည်ဝေမျှခဲ့ပါတယ်။
အဆိုပါအမျိုးသမီးဟာ ရေကန်ထဲမှ လူမျက်နှာနဲ့ငါးတစ်ကောင်ကို တွေ့လိုက်ချိန်မှာ သူမဟာအတော်လေး အံ့သြ သွားပြီး ကြက်သေသေ သွားခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ အဆိုပါငါးကြင်းရဲ့ ဦးခေါင်းပုံ၊ ပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးတို့ဟာ လူတစ်ယောက်ရဲ့မျက်နှာပုံစံအတိုင်းဖြစ်နေခဲ့လို့ပါ။
ထို့ကြောင့် အဆိုပါအမျိုးသမီးဟာ ငါးကြင်းလေးရဲ့ ရုပ်ပုံကို Video မှတ်တမ်းရိုက်ကူးခဲ့ပြီး ၊ social media ပေါ်မှာဝေမျှခဲ့ချိန်မှာတော့ အတော်လေးကိုအထူးအဆန်းဖြစ်နေခဲ့ပြီး ကြည့်ရှုသူအများအပြားရရှိခဲ့တဲ့အပြင် ပြန်လည်ဝေမျှသူလည်းများစွာရရှိခဲ့ပါတယ်။ ငါးကြင်းလေးရဲ့ မျက်နှာဟာလူနှင့်အတော်လေးဆင်တူနေသောကြောင့် လူတစ်ယောက်အသက်ရှင်လျက်ရေထဲရောက်နေသလိုပုံစံဖြစ်နေခဲ့ပါတယ်။(Mckzone Daily)Source: worldofbuzz