Breaking

Monday, November 25, 2019

လူ ၆ ယောက်မှ ဝိုင်းမုဒိန်းကျင့်တာကိုခံရပြီးနောက် တိုက်အိမ်ပေါ်ကခုန်ချသတ်သေခဲ့တဲ့ ၁၃ နှစ်အရွယ်မိန်းကလေး

 ထိုင်းနိုင်ငံ ဘန်ကောက်က အသက်၁၃နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးလေးတစ်ဦးဟာ အမျိုးသား ၆ဦးရဲ့ အုပ်စုလိုက်မုဒိန်းကျင့်ခံရမှုကြောင့်
 ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့ပါတယ်။ ထိုဆယ်ကျော်သက်အရွယ် မိန်းကလေး Pinkie ဟာ ကိုယ့်ကိုကိုယ်သတ်မသေခင် သူငယ်ချင်းတစ်ဦးကို

သူသွားတော့မယ်လို့ မက်ဆေ့ခ်ျပို့ခဲ့ပါတယ်။ ထိုဒေသက မီဒီယာတွေရဲ့တင်ပြချက်အရ ထိုကောင်မလေးမသေခင်မှာ Facebook မှာ ပို့စ်တွေတင်ခဲ့ပါတယ်။သူတင်ခဲ့တဲ့ အကြောင်းအရာတွေထဲမှာ သူသာကိုယ်ဝန်မရခဲ့ရင် သူအသက်ဆက်ရှင်နေဦးမှာဖြစ်ကြောင်း ရေးသားထားတယ်လို့ သိရပါတယ်။

သေဆုံးသူရဲ့မိခင်ကတော့ သမီးဖြစ်သူဟာ အုပ်စုလိုက်မုဒိန်းကျင့်ခံရခြင်းကြောင့် တော်တော့်ကိုစိတ်ဓာတ်ကျခဲ့ကြောင်း ဆိုပါတယ်။ရဲတပ်ဖွဲ့ကတော့ တရားခံတွေအားလုံးကို ဖမ်းဆီးမှာဖြစ်ပြီး ထိုကောင်လေးတွေကိုလည်း ဝရမ်းထုတ်ထားပြီးပြီလို့ ဆိုပါတယ်။


POPULAR POSTS

ads