Breaking

Thursday, November 28, 2019

ဒေါသကြီးတဲ့ဇနီးရဲ့ရန်ကနေ မယားငယ်အား ဒိုင်းသဖွယ်ကာကွယ်ပေးနေတဲ့ ခင်ပွန်း ရုပ်သံ

 မယားငယ်နဲ့အတူ တည်းခိုခန်းတစ်ခုမှာ လက်ပူးလက်ကြပ် ဖမ်းခြင်းခံလိုက်ရတဲ့ ခင်ပွန်းတစ်ယောက်ဟာ သူရဲ့ မယားငယ်ကို မယားကြီးထက် ပိုချစ်တယ်ဆိုတာ မြင်သာစေခဲ့ပါတယ်။ သူဟာ ဒေါသတကြီး ရိုက်နှက်နေတဲ့ ဇနီးရဲ့ရန်ကနေ မယားငယ်ကို ဒိုင်းသဖွယ် ကာကွယ်ပေးခဲ့တာပါ။



 ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံအရှေ့ပိုင်း Anhui ကောင်တီ၊ Fanchang မှာ ဖြစ်ခဲ့တာလို့ သိရပါတယ်။ မယားကြီးဖြစ်သူဟာ အလွန်အမင်း ဒေါသထွက်နေပြီး၊ မယားငယ်ကို ဦးတည်တိုက်ခိုက်ခဲ့ပေမယ့်၊ ခင်ပွန်းက ကာကွယ်ပေးထားတာကြောင့် သူမရဲ့ရိုက်နှက်မှုတွေက မထိရောက်ခဲ့ပါဘူး။
မယားကြီးဟာ မယားငယ်ရဲ့အဝတ်အစားတွေကို ဆွဲချွတ်ဖို့ ကြိုးစားခဲ့သလို၊ မယားငယ်ရဲဲ့ ဦးခေါင်းတွေကို ကန်ကျောက်ခြင်းနဲ့ ခန္ဓာကိုယ်ကို ရိုက်ပုတ်ခြင်းအပြင် ခင်ပွန်းကိုလည်း စိတ်ရှိလက်ရှိ ရိုက်နှက်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူကတော့ ရဲကို ခေါ်ပေးပါဆိုပြီး လူအုပ်ကြီးကို အော်ခဲ့ပါသေးတယ်။
မယားငယ်ကတော့ အပေါ်ပိုင်း အဝတ်အစားတွေ ကျွတ်သလောက်ဖြစ်နေပြီး၊ ဘေးမှာရှိတဲ့ လူအုပ်ကြီးက ကူညီဖို့ထက်၊ ဖုန်းတွေအသီးသီးထုတ်ယူပြီး မှတ်တမ်းတင်ခဲ့တာပါ။ တရုတ်နိုင်ငံမှာတော့ ဒီလို ပြဿနာတွေဟာ မကြာခဏ ဖြစ်လေ့ရှိကြောင်း သိရပါတယ်။
credit-လင်းဇော်ကို D Nae Khit Media

POPULAR POSTS

ads