နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်လွန်းတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်သူတွေပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီဟာ ပရိသတ်တွေ ကိုယ်စီနဲ့ ရပ်တည်နေပြီး တစ်နေ့တစ်ခြား အောင်မြင်လာကြပါတယ်။ ပရိသတ်တွေကလည်း ရွှေနှစ်ရွှေလို့ တင်စားရတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို စိတ်ဝင်စား စောင့်ကြည့်အားပေးကြတာ ဖြစ်ပါတယ်။
ဒီကနေ့ နိုဝင်ဘာလ (၁၁) ရက်နေ့ကတော့ ရွှေထူးနဲ့ ရွှေမှုံရတီ တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း တစ်နှစ်ပြည့်တဲ့နေ့လေးပဲ ဖြစ်ပါတယ်။ မင်္ဂလာသက်တမ်း တစ်နှစ်ပြည့်တဲ့နေ့လေးမှာ ရွှေထူးနဲ့ ရွှေမှုံရတီက ရိုးရိုးရှင်းရှင်း ဖြတ်သန်းခဲ့ပါတယ်။
မင်္ဂလာသက်တမ်း တစ်နှစ်ပြည့်တဲ့ အထိမ်းအမှတ်နေ့လေးမှာ ရွှေနှစ်ရွှေက နေ့လည်စာ အတူစား၊ ညဘက်မှာ ဇနီးမောင်နှံနှစ်ယောက်တည်း အချိန်ကုန်ရင်း ရိုးရှင်းစွာ ဖြတ်သန်းခဲ့တာကို တွေ့ရပါတယ်။
ရွှေထူးက လက်ရှိမှာ စတိတ်ရှိုးတွေ လိုက်လံသီဆိုပေးနေပြီး "စတုတ္ထမြောက်သွေးကြောမျှင်" ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးဖို့ ပြင်ဆင်နေပြီး ရွှေမှုံရတီကတော့ "ငရဲဆိုချိုနဲ့လား" ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ရွှေထူးနဲ့ ရွှေမှုံရတီတို့ကတော့ Anniversary မှာ ပကာသနတွေမပါပဲ ရိုးရှင်းစွာ ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီလည်း မင်္ဂဘာသက်တမ်း တစ်နှစ်ပြည့်မှသည် နောက်နှစ်တွေများစွာတိုင် သက်ဆုံးတိုင် ပျော်ရွှင်စွာ ပေါင်းဖက်နိုင်ကြပါစေလို့ မိုမိုလေးမှ ဆုတောင်းပေးလိုက်ပါတယ်။
Rowena
Source: Shwe Htoo & Shwe Hmone Yati's fb
Monday, November 11, 2019
Home
/
Celebrity
/
နှစ်ပတ်လည်နေ့လေးကို နှစ်ယောက်တည်း အေးအေးချမ်းချမ်းဖြတ်သန်းခဲ့တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီ
နှစ်ပတ်လည်နေ့လေးကို နှစ်ယောက်တည်း အေးအေးချမ်းချမ်းဖြတ်သန်းခဲ့တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity