လူငယ်ကြိုက်တေးသံရှင်တစ်ဦးဖြစ်တဲ့ ဟန်ထူးလွင် (ကျားပေါက်) ဟာ Big Bag အဖွဲ့ရဲ့ ပင်တိုင်အဆိုတော်တစ်ဦးဖြစ်ပြီး ဂီတလောကမှာ နှစ်ပေါင်းအတော်ကြာ အောင်မြင်နေသူတစ်ယောက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၅) ရက်နေ့မှာတော့ ကျားပေါက်က သူ့ရဲ့ ဇနီး စုလဲ့ဝင်း (ဇုံဇုံ) နဲ့ တရားဝင် ကွာရှင်းပြတ်ဆဲလိုက်ပြီလို့ ပရိသတ်တွေကို အသိပေးလာပါတယ်။ မထင်မှတ်ထားတဲ့ သတင်းစကားကြောင့် ပရိသတ်တွေခမျာ တော်တော်လေး ထိတ်လန့်ခဲ့တာ ဖြစ်ပါတယ်။
ကျားပေါက်က ကွာရှင်းရတဲ့အကြောင်းအရင်းကို တိတိကျကျ မပြောထားတာကြောင့် ကျားပေါက်နဲ့ ဇုံဇုံတို့နဲ့ ပက်သတ်ပြီး ကောလဟာလတွေများစွာ ထွက်ရှိခဲ့ပါတယ်။ ကျားပေါက်ဟာ သီချင်းဆိုပြိုင်ပွဲမှာ ဒိုင်အတူတူလုပ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ ငြိစွန်းတယ်ဆိုပြီး သတင်းအမှားတွေ ထွက်ပေါ်လာပြီး အခုတစ်ခါလည်း ကျားပေါက်က ယောကျာ်းချင်းကြိုက်နေတာကြောင့် ဇနီးဖြစ်သူနဲ့ ကွာရှင်းခဲ့ပါတယ်ဆိုပြီး ကောလဟာလတွေ ထွက်ရှိခဲ့ပါတယ်။
ထိုသတင်းနဲ့ ပက်သတ်ပြီး ဇနီးဟောင်းဖြစ်သူ ဇုံဇုံက သူမရဲ့ ခင်ပွန်းဟောင်း ကျားပေါက်က ယောကျာ်းချင်းကြိုက်နေသူတစ်ယောက် မဟုတ်ကြောင်းကို "lol he's not gay ppl!!" ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။ဇုံဇုံရဲ့ အဲ့ဒီပိုစ့်အောက်မှာ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်က "အစ်မရယ်.. ခုချိန်ထိ ကိုကျားအပြောခံရမှာဆိုးနေသေးတယ်.. 😔😔😔" ဆိုပြီး ဂရုဏာသက်စွာ ရေးသားခဲ့ပါတယ်။ ထိုရေးသားချက်ကို ဇုံဇုံက "ကျွန်မသူ့ကိုအရမ်းချစ်တယ်" ဆိုပြီး သူမစိတ်ထဲရှိတဲ့အတိုင်းသာ တုံ့ပြန်ခဲ့ပါတယ်။ကျားပေါက်နဲ့ ဇုံဇုံတို့ရဲ့ အိမ်ထောင်ရေးက ပြန်ပြင်လို့ မရတော့ပေမယ့် ပရိသတ်တွေကတော့ ဝမ်းနည်းနေကြဆဲ ဖြစ်ပါတယ်။ ကျားပေါက်ရော၊ ဇုံဇုံရော စိတ်သစ်၊ လူသစ်နဲ့ ဘဝသစ်ကို ဖြတ်သန်းနိုင်ကြပါစေလို့ မိုမိုလေးမှ ဆုတောင်းပေးလိုက်ပါတယ်။
Rowena
Source: Su Lei Win ZoneZone's fb
Monday, November 18, 2019
Home
/
Celebrity
/
ကျားပေါက်အရမ်းချစ်ခဲ့တဲ့အတွက် ကွာရှင်းပြီးတာတောင် ကျားပေါက်ဘက်ကရပ်တည်ပေးခဲ့တဲ့ ဇုံဇုံ
ကျားပေါက်အရမ်းချစ်ခဲ့တဲ့အတွက် ကွာရှင်းပြီးတာတောင် ကျားပေါက်ဘက်ကရပ်တည်ပေးခဲ့တဲ့ ဇုံဇုံ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity