အချစ်စစ်ကြောင့် သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ထောင်ခဲ့ကြတဲ့ အဆိုတော်ကြီး လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံကတော့ အခုဆိုရင် ဆည်းလည်းလေးနှစ်ခုဖြစ်တဲ့ သမီးလေးနှစ်ယောက်ကိုပါ ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ လင်းလင်းကတော့ လတ်တလောမှာ ဆိုင်ကယ်စီးတာမကြိုက်တဲ့ ချစ်ဇနီးရဲ့ကွယ်ရာမှာ လူငယ်လေးလို ခပ်လန်းလန်းဖက်ရှင်နဲ့ ဆိုင်ကယ်စီးနေတဲ့ ပုံရိပ်ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဘယ်လိုပဲ ဂေါ်တဲ့ အဆိုတော်ကြီးဖြစ်ပါစေ မိန်းမကို အရမ်းချစ်တဲ့ လင်းလင်းကတော့ သူ့ရဲ့ပုံတွေကို ချစ်ဇနီးမြင်သွားမှာ လန့်နေရတဲ့အကြောင်း ချစ်စနိုးလေးလည်း ရေးသားထားပါသေးတယ်။
လင်းလင်းကတော့ "မုန့်ကျွတ် လား ? ရွှေကျီး ကိုသိပ်ကြိုက်တာပေါ့,,မုန့်တီ လား ? ဒေါ်တော ပေါ့ဗျာ,,ဇီးပေါင်း လား ? ဟ မတ္တရာကမစီမာ ပေါ့ဟ,,ခိုတောင် လား ? အထမ်းသယ်ရောင်းတာ အားလုံးကြိုက်,,ပဲလမုန့် လား? ကြိုင်သင်း ကိုသိပ်ကြိုက်,,အုန်းထမင်း,ဒံပေါက်လား ? ကရဝိတ်ဆီသွား,,, နှမ်းမနဲ လား ? ဖားသားလဖုန်း နားမှာ ဒေါ်ရှိ ရှိတယ်လေ,,မြီးရှည် လား ? မကျီးရိပ် ကအာသာ အပြေဆုံး,,ဟာလီ ဆိုင်ကယ်ပေါ့ဗျာ,,စောရီး ခင်ဗျားဘယ်ဆိုင်ကယ်အကြိုက်ဆုံးလဲ မေးနေမှာစိုးလို့,,,ကိုယ့်သဘောနဲ့ကိုယ် အားလုံးကို ကြော်ငြာပေးသည်။ကြော်ငြာခအနေနဲ့ မုန့်ကျွေးကြမည်ဆိုပါကလဲ ဝမ်းသာလန်းဆန်းစွာ အတန်ငယ်စဉ်းစားပြီး လက်ခံပေးပါမည်။သတိ - ဤပိုစ့်ကို အန္တာရာယ်များလို့ ဆိုင်ကယ်မစီးစေချင်တဲ့
ခေတ်ခေတ်၊သစ်သစ် တို့ရဲ့အမေ မမြင်ပါစေနဲ့ 🥴🥴🥴" ဆိုပြီး ဆိုင်ကယ်ကို ဘယ်လောက်နှစ်သက်ကြောင်း စာတစ်တန် ပေတစ်တန်နဲ့ ရေးသားထားတဲ့အပြင် ဆိုင်ကယ်စီးနေတဲ့ပုံတွေလည်း ချစ်ဇနီးမြင်မှာ စိတ်ပူနေကြောင်း စစနောက်နောက်နဲ့ ရေးသားထားပါသေးတယ်။
အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံကတော့ လက်ရှိမှာ ချစ်ရတဲ့ မိသားစုကို အပြည့်အဝအချိန်ပေးရင်း ဝါသနာပါတဲ့ အနုပညာအလုပ်ကိုလည်း အပြည့်အဝအချိန်ပေးဖြစ်နေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဆိုင်ကယ်ကြီးစီးပြီး ဂေါ်နေတဲ့ လင်းလင်းကိုကြွေရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Htwe Lynn Ko's Facebook
Friday, November 8, 2019
ခေတ်နဲ့ သစ်တို့မေမေ မသိခင် ဆိုင်ကယ်ကြီးစီးပြီး လူငယ်လေးလို လန်းနေတဲ့ လင်းလင်း
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity