Breaking

Thursday, November 28, 2019

ပါဝါရိန်းဂျားမလေး တစ်ယောက်လို အလန်းစားဒီဇိုင်းတွေနဲ့ ပိုပိုရဲ့ပုံရိပ်များ

 ပိုပိုဟာ ဘိုမရုပ်လေးနဲ့ တူတဲ့ သူမရဲ့ မျက်နှာထားလေးနဲ့ ကောင်းမွန်တဲ့ အသံပါဝါကြောင့် ပရိသတ်အားပေးမှုများစွာရရှိနေသူလေးဖြစ်ပါတယ်။ အမြဲလိုလိုပရိသတ်အကြိုက်တွေ့စေမယ့် သီချင်းကောင်းတွေကိုဖန်တီးသီဆိုတတ်သူဖြစ်ပြီး အမြဲပြုံးပျော်တက်ကြွနေတဲ့ သူမရဲ့ အမူအရာလေးကြောင့် ပရိသတ်တွေကလည်း အချစ်ပိုနေကြတာဖြစ်ပါတယ်။

 သူရဲ့ဒီဇိုင်းအလန်းလေးတွေနဲ့ပုံတွေကိုအမြဲလိုလိုမျှဝေပေးလေ့ရှိတဲ့ပိုပိုဟာ အခုအခါမှာလည်း ပါဝါရိန်းဂျားမလေးတစ်ယောက်လို ဝတ်ဆင်ပြီးချစ်ဖို့်ကောင်းတဲ့ ဒီဇိုင်းလေးနဲ့ သူမရဲ့ပုံရိပ်တွေကိုမျှဝေပေးခဲ့တာလည်းဖြစ်ပါတယ်။ပိုပိုဟာအနုပညာအလုပ်ကိုသာ တစိုက်မတ်မတ်လုပ်ကိုင်နေတာဖြစ်ပြီး အချစ်ရေးအပူအပင်မရှိပဲ ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာလည်းဖြစ်ပါတယ်။
မိုမိုလေးပရိသတ်တွေရော အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်အကြိုက်သီချင်းတွေဖန်တီးတတ်တဲ့ ပိုပိုကိုချစ်ကြသေးရဲ့လားဗျ။ အဆုံးထိဖတ်ရှုပေးတဲ့ အတွက်မိုမိုလေးမှ ကျေးဇူးတင်ရှိပါတယ်။

Ref:Po Po's FB
crd-(momolay)Leo

POPULAR POSTS

ads