Breaking

Saturday, November 23, 2019

အိန္ဒိယက ဝယ်လာတဲ့ ခေါင်းလောင်းနှင့်ဒေါင်းယပ်တောင်လေး သစ်တံခါးဆရာတော်ကို သွားရောက်လှူဒါန်းခဲ့တဲ့ စမိုင်းလ်တို့ဇနီးမောင်နှံ

 အလှူဒါနတွေကိုလည်း အမြဲလုပ်လေ့ရှိတဲ့ စမိုင်းလ်တို့ ဇနီးမာင်နှံကတော့ အလုပ်ကိစ္စနဲ့ အလုပ်ကိစ္စကြောင့် တိုင်းတပါးကိုသွားရောက်ခဲ့တာဖြစ်ပြီး လက်ရှိမှတော့ ခရီးသွားရင်း အိန္ဒိယရောက်တုန်း မှတ်မှတ်ရရဝယ်ခဲ့တဲ့ ခေါင်းလောင်းနှင့်ဒေါင်းယပ်တောင်လေးကို သစ်တံခါးဆရာတော်ကို သွားရောက်လှူဒါန်းခဲ့တဲ့အကြောင်းကို “India မှဝယ်လာတဲ့ ခေါင်းလောင်းနှင့်ဒေါင်းယပ်တောင်လေးဟာ သစ်တံခါးဆရာတော်ထံလှူဒါန်း” လို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာ မှာ ဖော်ပြထားပါတယ်။
 တစ်ခေတ်တစ်ခါ ဗီဒီယိုတွေထဲက ပရိသတ်တွေရဲ့ အသည်းစွဲမင်းသမီးတစ်ဦးဖြစ်တဲ့ စမိုင်းလ်က လက်ရှိမှာ အနုပညာအလုပ်တွေကို ရပ်နားရင်း ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်နေသူလည်းဖြစ်ပါတယ်။ချစ်စရာအလွန်ကောင်းပြီး အမေဖြစ်သူစမိုင်းလို ထက်မြတ်တဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ပရိသတ်တွေရဲ့ အချစ်တွေကိုလည်း ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ နောက်ပြီး အိမ်ထောင်ရေးမှာ ကံကောင်းတဲ့ စမိုင်းလ်က မိန်းကလေးတိုင်း အားကျရတဲ့ အချစ်မျိုးကို ပိုင်ဆိုင်ထားတာပါတယ်။
ခင်ပွန်းဖြစ်သူရဲ့ ဂရုစိုက် အားပေးမှုတွေကြောင့် လူတကာက ချစ်တဲ့ မင်းသမီးလေးတစ်ဦးအဖြစ် ယခုအချိန်ထိ ရေပန်းစားနေသူလေးဖြစ်ပါတယ်။တက်ညီလက်ညီရှိလှတဲ့ စမိုင်းတို့ မိသားစုလေးက အလှူဒါနတွေကိုလည်း အမြဲလုပ်လေ့ရှိပြီး စမိုင်းတို့ဇနီးမောင်နှံကတော့ ရှေ့သွားနောက်လိုက်ညီတဲ့ စုံတွဲလေးအဖြစ် ပရိသတ်တွေရဲ့ လေးစားအားကျမှုရရှိထားပါသေးတယ်။ ပရိသတ်ကြီးရေ စမိုင်းလ်တို့ ဇနီးမောင်နှံရဲ့ အိန္ဒိယကနေ တကူးတက ဝယ်လာတဲ့ စေတနာနဲ့ ဆရားတော်ဘုရားထံသွားရောက်လှူဒါန်ခဲ့တဲ့ သဒ္ဒါတရားအလှူလေးကို သာဓုခေါ်ခဲ့ကြဦးနော်။
credit-

POPULAR POSTS

ads