Breaking

Monday, November 11, 2019

အပြုံးချိုချိုလေးနဲ့ ချစ်စရာကောင်းလို့ မြင်သူငေးစေမယ့် နော်ဖောအယ်ထားပုံရိပ်များ

 နော်ဖောအယ်ထား ဟာ တိုင်းရင်းသူလေးတစ်ယောက်ဖြစ်ပြီး သူရဲ့ချစ်ဖို့ကောင်းတဲ့ ပုံရိပ်လေးတွေကြောင့် ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေရဲ့ အားပေးခြင်းကိုပါရရှိနေသူလည်းဖြစ်ပါတယ်။အမြဲလိုလို အပြုံးချိုချိုလေးပြုံးနေတတ်ပြီးချစ်ဖို့ကောင်းသူလေးဖြစ်လို့ ပရိသတ်တွေကတစ်နေ့ထက်တစ်နေ့အချစ်တွေပိုနေရတာလည်းဖြစ်ပါတယ်။

 ဒီတစ်ခါမှာတော့ နော်ဖောအယ်ထားဟာ သူမရဲ့မွေးရပ်မြေကိုရောက်ရှိနေပြီး သူမရဲ့ ချစ်စရာကောင်းနေတဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်မှာတစ်ခုဖြစ်တဲ့ ဖေ့ဘုတ် ကနေတစ်ဆင့် ပရိသတ်တွေဆီမျှဝေခဲ့တာလည်းဖြစ်ပါတယ်။ချစ်လိုက်တာ နော်ဖောလေးရယ်
အရင်က မော်ဒယ်တစ်ယောက်အနေနဲ့ ပရိသတ်ချစ်ခင်မှုအများကြီးရရှိပြီး အခုအခါမှာတော့ ဇာတ်လမ်းတွဲတွေမှာပါ ပါဝင်သရုပ်ဆောင်လာတာတွေ့ရပါတယ်။MRTV 4 ကထုတ်လွှင့်ပြသတဲ့ 'ပျောက်ဆုံးနေသော အမှန်တရား'ဇာတ်လမ်းတွဲမှာလည်း သုဒြာအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ် ချစ်ခင်မှုလည်းပိုမိုရရှိခဲ့ပါတယ်။



အနုပညာလောကထဲ မရောက်လာခင်ကတည်းက ဓာတ်ပုံရိုက်ရတာ အရမ်းဝါသနာပါသူလေးဖြစ်ပြီး ကင်မရာမှမဟုတ်ပဲ ဖုန်းနဲ့လဲ ဓာတ်ပုံလေးတွေရိုက်တတ်သူလဲဖြစ်ပါတယ်။ နော်ဖောအယ်ထားဟာ သူမရဲ့လှပတဲ့ ပုံရိပ်လေးတွေကို facebook ပေါ်မှာအမြဲလိုလိုတင်တတ်ပြီး အရမ်းချစ်ဖို့ကောင်းတဲ့ မော်ဒယ် သရုပ်ဆောင်လေးတစ်ယောက်လည်းဖြစ်ပါတယ်။မိုမိုလေးပရိသတ်တွေရော နော်ဖောအယ်ထားလေးကိုချစ်ကြရင် like and share လုပ်သွားအုံးနော်။အဆုံးထိဖတ်ရှုပေးတဲ့အတွက် မိုမိုလေးမှကျေးဇူးတင်ရှိပါတယ်။

Ref:Naw Phaw Eh Htar
Leo

POPULAR POSTS

ads