Breaking

Sunday, November 10, 2019

သထုံမြို့နယ်သို့သွားရောက်ပြီး ဘုရားအရံစေတီ ၈ ဆူ ရွှေထီးတော်ကပ်လှူပွဲတွင် ပါဝင်ကုသိုလ်ယူခဲ့ကြတဲ့ သူထူးစံတို့ဇနီးမောင်နှံ

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသားချော အကယ်ဒမီသူထူးစံကတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။မင်းသမီးချော ထိုက်စုဝင်းနဲ့မကြာသေးခင်ကမှ လက်ထပ်လိုက်ပြီး ချစ်ချစ်ခင်ခင်၊ကြင်ကြင်နာနာနဲ့ နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်ထားကြတဲ့ အနုပညာရှင်ဇနီးမောင်နှံပဲဖြစ်ပါတယ် ။

 သူထူးစံက တစ်နှစ်ထဲမှာပဲ မိန်းမချောချောလေးလည်းရ၊အကယ်ဒမီလည်းရခဲ့တာကြောင့် ကံကောင်းခြင်းတွေစုပြုံဝင်ရောက်လာတဲ့ လပ်ကီးနှစ်လေးပဲဖြစ်ပါတယ်။ရိုးသားအေးဆေးစွာနေထိုက်တတ်တဲ့ သူထူးစံက ချစ်ဇနီးကိုလည်း အရမ်းချစ်ပြီး အလိုလိုက်အကြိုက်ဆောင်ပေးပါတယ်နော်။ပရိသတ်တွေကတော့ သူထူးစံတို့ဇနီးမောင်နှံကို အားပေးပြီးချစ်ခင်နေရတာဖြစ်ပါတယ်။


ဇနီးမောင်နှံနှစ်ယောက်က စိတ်တူကိုယ်တူရှိကြလို့ အလှူအတန်းဆိုလည်း သူထူးစံတို့နှစ်ယောက်လုံးက ရှေ့ဆုံးကပါဝင်ကြပါတယ်။၉ရက် နိုဝင်ဘာလ ၂၀၁၉မှာသထုံမြို့နယ်သို့ သွားရောက်ပြီး ဘုရား အရံစေတီ ၈ ဆူ ရွှေ ထီးတော် ကပ်လှူပွဲတွင် သူထူးစံဇနီးမောင်နှံနှစ်ယောက် ပါဝင်ကုသိုလ်ယူဖြစ်ခဲ့တဲ့ ပုံရိပ်‌လေးတွေကို ချစ်ပရိသတ်ကြီးအတွက် မျှဝေလာခဲ့ပါတယ်နော်။

POPULAR POSTS

ads