Breaking

Sunday, November 10, 2019

လူရွှင်တော် သူငယ်ချင်းတွေ တက်ရောက်ဂုဏ်ပြုခဲ့ကြတဲ့ ရှဲဒိုးရဲ့ သားလေး မင်္ဂလာပွဲက ပုံရိပ်တွေ

 ပရိသတ်​တွေကို စစ်​မှန်​တဲ့ အနုပညာ​တွေနဲ့ ဘဝအမောတွေကို ပြေပျောက်ခဲ့စေဖူးတဲ့ ဝါရင့်​သရုပ်​ဆောင်​ကြီး​ ရှဲဒိုးကတော့ အချိန်မတိုင်သေးခင်မှာပဲ ချစ်ရတဲ့ မိသားစုနဲ့ ပရိသတ်ကို ခွဲခွာကာ ဘဝတစ်ပါးသို့ ပြောင်းရွှေ့ကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သရုပ်ဆောင် ရှဲဒိုးရဲ့သားလေးက လက်တွဲဖော်နဲ့ ရွှေလက်တွဲသွားပြီမို့ အရမ်းအတွဲညီခဲ့တဲ့ သူငယ်ချင်းကောင်းကျော်က အစစ အရာရာ အကူအညီပေးနေခဲ့တာလည်း တွေ့ရပါတယ်။ ဒီနေ့လေးမှာတော့ ကောင်းကျော်က ရှဲဒိုးသားလေးရဲ့ မင်္ဂလာပွဲက ကြည်နူးစရာ ပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်နော်။


 ဉီးကောင်းကျော်ကတော့ "သို့ /သူငယ်ချင်း ရှဲဒိုး ဒီနေ့ မင်းရဲ့သားလေး ကောင်းဇင်ဟိန်းရဲ့မင်္ဂလာ ဧည့်ခံပွဲ ကို စည်ကားစွာကျင်းပနိုင်ခဲ့တယ် ကွ။သတို့သမီးဘက်ကလဲ ဆွေမျိုး မိတ်ဆွေ အသိုင်းအဝိုင်း စုံလင်စွာလာရောက်ကြသလို တပ်မှုးကြီး နဲ့ဒုတပ်မှုးကြီး တို့ဇနီးမောင်နှံနဲ့တစ်ကွ တပ်မိသားစုတွေအရာရှိအရာခံတွေပါမကျန် ကူညီဝန်းရံပေးကြတာ အလွန် ပျော်စရာကောင်းပေါ့ ကှာ ။မင်းကိုယ်စား မင်းဘက်ကနေပြီး ဒို့ အနုပညာ အသိုင်းအဝိုင်းဘက်ကလဲတန်ဆောင်တိုင်ရက် ပွဲတွေ မအားတဲ့ကြားထဲက ညီကိုတွေလာပေးကြတယ်ကွ ခင်လှိုင်တို့ ဇနီးမောင်နှံလဲ ရောက်အောင်လာပေးကြသလို ဖိုက်စတားအဖွဲ့ကိုစား အောင်သော်တို့ ဇနီးမောင်နှံမိသားစုလဲ လာကြတယ်ကံပွင့်တို့မိသားစု စူပါတို့မိသားစု မင်းတပည့် တွတ်ပီ တို့အဖွဲ့ဖြစ်တဲ့ စတားကမ္ဘာ အဖွဲ့ ဒို့ အင်ပါယာအဖွဲ့ စာနယ်ဇင်းက မင်းကိုချစ်ခင်အားပေးကြတဲ့ မောင်နှမတွေ အတော်များများတက်ရောက်ခဲ့ကြတယ်သူငယ်ချင်း။ပြီးတော့ မင်းခနခနရန်တိုက်ပေးတဲ့ရွှေညီအမတွေလဲလာကြတယ် သူငယ်ချင်းရေ

 ဘာဘဲဖြစ်ဖြစ်မင်းကိုယ်စား ငါတို့ရွှေညီကိုတွေ တတ်နိုင်သလောက် မင်းအတွက် ဝန်းရံပေးခဲ့တယ်နော်သူငယ်ချင်း မင်းကြေနပ်ဝမ်းမြောက်နိုင်ပါစေကွာ(အော်  ပြောစရာကျန်နေလို့ကွ  ကျန်တဲ့လူရွှင်တော်ညီအကိုတွေ မလာဖြစ်တာက မင်းသိတဲ့အတိုင်း ဒီရက်လေးတွေမှ ပွဲတွေက တောက်လျှောက် ကရတဲ့အချိန်လေးမို့ မလာနိုင်ကြတာ တော့ မင်းနားလည်ပေးကွာ)   မင်းရဲ့သူငယ်ချင်း​ကောင်းကျော် (တစ်ချိန်ကရွှေညီကိုအဖွဲ့)နောက်ဘဝတွေမှာများ ဒို့ညီကို၅ယောက် ရေစက်ပါလို့ ဆုံခဲ့ကြရင် ကျန်တဲ့၎ယောက်က မင်းကို ဝိုင်းပြီးတော့ ဖဲလိမ်ရိုက်ချင်သေးကွာ  ဟားဟားဟားးးးးး" ဆိုပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ သူငယ်ချင်း ရှဲဒိုးရဲ့သားလေး မင်္ဂလာပွဲကို တက်ရောက်ခဲ့တဲ့သူတို့သူငယ်ချင်းတွေရဲ့ ပုံရိပ်တွေကို ဝေမျှပေးထားတာပါ။မိုမို​လေးချစ်​ပရိသတ်​တွေလည်း ပရိသတ်အပေါ် တာဝန်ကျေတဲ့ သရုပ်​ဆောင်​ကြီး ရှဲဒိုးရဲ့ သားလေး သာယာပျော်ရွင်တဲ့ အိမ်ထောင်ရေး ပိုင်ဆိုင်နိုင်ပါစေလို့ ဆု​တောင်း​ပေးလိုက်​ကြပါဦး​နော်​။

Myint Myat
Source:U Kaung Kyaw's Facebook


POPULAR POSTS

ads