မြန်မာနိုင်ငံရဲ့ ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်တဲ့ သုံးထပ်ကွမ်း အကယ်ဒမီဆုရှင် မင်းသကြီး ဒေါ်ဝါဝါဝင်းရွှေဟာဆိုရင် သရုပ်ဆောင်ကောင်းမွန်မှုတွေကြောင့် တစ်ခေတ်တစ်ခါမှာ နာမည်ကြီးခဲ့တဲ့ မင်းသမီးကြီးပဲဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်ကို သာ မက်မောစွာလုပ်ဆောင်ခဲ့သူဖြစ်ပြီးတော့ ယနေ့တိုင်လည်း အနုပညာကိုချစ်ခင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာ အသက်ကြီးပိုင်းရောက်နေပြီဆိုပေမယ့် သူမတို့ဇနီးမောင်နှံဟာ ငယ်စဉ်ကလို အချစ်ပိုနုပျိုနေခဲ့ကြတာဖြစ်ပါတယ်။ဒါပေမယ့် ပြီးခဲ့တဲ့ ဇူလိုင်လကတော့ ချစ်ခင်ပွန်းဖြစ်သူ ဦးသန်းထွဋ်ကတော့ သူမကိုစွန့်ခွာပြီး ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့တာကြောင့် တရားအသိရှိပေမယ့် ရင်မှာတော့ မချိအောင်ပူလောင်နေရတဲ့အချိန်လည်းဖြစ်ပါတယ်။
အခုဆိုရင် ခင်ပွန်းမရှိတော့တာ ၄ လ ရှိခဲ့ပြီလို့လည်းသိရပါတယ်။ အခုလို လေးလပြည့်ချိန်မှာ ခင်ပွန်းကျန်းမာရေးမကောင်းစဉ်က အသုံးပြုခဲ့တဲ့ ကျောက်ကပ်ဆေးတဲ့စက်ကိုနာရေးကူညီမှုအသင်း(ရန်ကုန်) ကို (၇) ရက်သားသမီးပေါင်း ကျန်းမာကြစေဖို့ ရည်စူးပြီးလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ဒယ်ဒီရေ ရက်ကိုလစားလို့ ဒယ်ဒီတို့ကိုထားခဲ့တာ ဒီနေ့ ၄ လတိတိပြည့်ခဲ့ပါပြီ။ နေ့စဉ် လစဉ် ကုသိုလ်ကောင်းမှုတွေပြုခဲ့ပါတယ်။ဒီနေ့မှာတော့ အမြတ်ဆုံးအလှူဖြစ်တဲ့ ဒယ်ဒီကိုအိမ်မှာကျောက်ကပ်ဆေးပေးတဲ့ က်ကိုလှူဖြစ်ခဲ့ပါတယ်။ဒယ်ဒီကျောက်ကပ်ဆေးတိုင်း ဒီစက်လေးဘေးမှာထိုင်စောင့်ခဲ့ပါတယ်။ ဒယ်ဒီမရှိတဲ့နောက် ဒယ်ဒီကိုယ်စား ဒီစက်လေးနဲ့ အလွမ်းဖြေခဲ့မိပါတယ်။ဒါပေမဲ့ ဒီနေ့တော့ ဒယ်ဒီလိုကျောက်ကပ်ဝေဒနာခံစားနေရတဲ့ (၇)ရက်သားသမီးတွေ ရောဂါကင်းပျောက်ချမ်းသာ ရာရောက်စေခြင်းအလို့ငှာ နိဗ္ဗာန်ကိုရည်စူးပြီးလှူဒါန်းလိုက်ပါပြီ။
ဒယ်ဒီမြင့်သောမြတ်သောဘုံဘဝမှ ဝမ်းမြောက်နုမော်သာဓုခေါ်နှိုင်ပါစေ။ သုံးဆယ့်တဘုံးသားအားလုံးကိုလည်း အမျှ အမျှ အမျှ ပေးလိုက်ပါတယ်ရှင်။”လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် အသိပေးဖော်ပြလာပါတယ်။အခုလို (၇) ရက်သားသမီးများအတွက် ရည်စူးပြီးလှူလိုက်တဲ့ အန်တီဝါဝါဝင်းရွှေရဲ့ အလှူလေးကို ကြားသိရသူ မိတ်ဆွေများ သာဓုခေါ်ဆိုနိုင်စေဖို့အတွက် မျှဝေပေးလိုက်ပါတယ်နော်။
Saturday, November 23, 2019
Home
/
Celebrity
/
ခင်ပွန်း ဖြစ်သူ မဆုံးခင်မှာ သုံးခဲ့ရတဲ့ ကျော်ကပ်ဆေးတဲ့ စက်ကြီးကို လှူဒါန်းလိုက်တဲ့ ဝါဝါဝင်းရွှေ
ခင်ပွန်း ဖြစ်သူ မဆုံးခင်မှာ သုံးခဲ့ရတဲ့ ကျော်ကပ်ဆေးတဲ့ စက်ကြီးကို လှူဒါန်းလိုက်တဲ့ ဝါဝါဝင်းရွှေ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity