CeleConnections ပရိသတ်ကြီးရေ ချစ်စရာကောင်းတဲ့ ဇာတ်လမ်းတွဲမင်းသမီးလေးမြတ်သူသူကတော့ ဒီနေ့မှာပရိသတ်တွေ ပွဲကျစေမယ့် ကိစ္စတစ်ခုကို ဝေမျှခဲ့တာပါ။ အကြောင်းကတော့ သူမရဲ့ချစ်တဲ့ပရိသတ်တွေက သူမအတွက် လက်ဆောင်လေးတွေကိုတကူးတက ပို့ပေးခဲ့တယ်လို့ သိရပါတယ်။ သူမရဲ့ ချစ်တဲ့ ပရိသတ်တွေက ပို့ပေးလိုက်တဲ့လက်ဆောင်လေးကို မြတ်သူရဲ့ချစ်သူ ဖြစ်တဲ့ သရုပ်ဆောင် ဇင်သူဌေးကကားဂိတ်မှာ သွားရောက်ယူပေးခဲ့တာပဲ ဖြစ်ပါတယ်။
ပစ္စည်းတွေ ပို့ရင် နာမည်အမှားအလွဲလေးတွေ ဖြစ်တတ်တာ CeleConnections ပရိသတ်ကြီးလည်း အသိပါနော်။ မြတ်သူကိုပို့ပေးခဲ့တဲ့ လက်ဆောင်မှာ ဇင်သူဌေးရဲ့ နာမည်ကို မတပ်ကာ ” မဇင်သူဌေး”လို့ ဆိုကာ ပေးပို့လာတာကြောင့် မြတ်သူတစ်ယောက်ချစ်သူကို ဆေးအကြီးကြီးထိုးခဲ့တယ်လို့ ဆိုရမှာပါ။ ” မန်းလေးကနေ တကူးတကပို့ပေးတဲ့ချစ်မမ Sandy – NyuntWai ကျေးဇူးပါရှင့် ။ သွားယူပေးတဲ့ မမဇင်သူဌေးလည်း ကျေးဇူးပါနော် ။ သူ့နာမည်အမြဲ မဇင်သူဌေးအပို့ခံရတာရိုးနေပြီနော့ ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ မှားယွင်းစွာနာမည်တပ်ထားတဲ့ ပစ္စည်းလေးနဲ့အတူ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။
မြတ်သူသူကတော့ အချစ်ရေးကတော့ သရုပ်ဆောင်ဇင်သူဌေးနဲ့ ချစ်သူတွေ ဖြစ်လာတာ နှစ်ချီခဲ့ပြီလို့ဆိုရမှာပါ။ ချစ်တဲ့ပရိသတ်တွေကို တရားဝင် ချပြထားတဲ့ ချစ်သူစုံတွဲတွေဖြစ်ပြီး ပရိသတ်တွေကလည်း သူတို့စုံတွဲကို အားပေးချစ်ခင်ဝန်းရံလျက်ရှိကြတာပဲ ဖြစ်ပါတယ်။တစ်ယောက်ကိုတစ်ယောက်စနောက်ကာ ပျော်စရာကောင်းတဲ့ ချစ်သူစုံတွဲဘဝကို ပိုင်ဆိုင်ထားတဲ့ မြတ်သူသူတိုစုံတွဲကိုချစ်ရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦး CeleConnections ပရိသတ်ကြီးရေ ….။Source : Myat Thu Thu
Candy _ CeleConnections
Monday, November 25, 2019
” ချစ်သူက မိန်းကလေးပါလို့ ပြောပြလာတဲ့ မြတ်သူသူ”
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity