Breaking

Thursday, November 28, 2019

လမ်းမှာတင်ယာယီကိန်းဝပ် စံပယ်နေတော်မူတဲ့ ပြည်ချစ်ဘုရား

 ပြင်ဦးလွင်မြို့က မဟာအံ့ထူးကံသာဘုရားကို ပရိသတ်ကြီးတို့ ဖူးမြော်ဖူးကြမှာပါ….မဟာအံ့ထူးကံသာဘုရားကို ပြည်ချစ်ဘုရားလို့လည်း သိကြပါတယ်…တရုတ်ပြည်ကို ပင့်ဆောင်ခေါ်ယူစဉ်မှာ ပြင်ဦးလွင်မြို့ ပွဲကောက်ရေတံခွန်အရောက် မော်တော်ယာဉ်တိမ်းမှောက်ပြီး ဘယ်လိုမှ ဆက်လက်ပင့်ဆောင်လို့မရတော့လို့ အဲဒီနေရာမှာပဲ တည်ထားပူဇော်ခဲ့ရာကနေ ပြည်ချစ်ဘုရားလို့ ဘွဲ့တော်တွင်ခဲ့တာပါ…..
 မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး

ခုလည်းပဲ ပြင်ဦးလွင်မြို့က ပြည်ချစ်ဘုရားလို အဖြစ်အပျက်မျိုး နောက်ထပ် ဘုရားတစ်ဆူ ပေါ်ထွန်းလာပြီပဲ ဖြစ်ပါတယ်….. နမ့်ခမ်းမြို့မှာ ရောင်းဖို့အတွက်ပင့်ထားတဲ့ မြတ်စွာဘုရားဆင်းတုတော်က မြန်မာပြည်ပြန်မယ်လို့ အိပ်မက်ပေးတော်မူတာကြောင့် ပြန်လည်ပင့်ဆောင်လာရာမှာ ကျောက်မဲမြို့ နောင်ပိန်လမ်းခွဲမှာ ခေတ္တနားခိုရာကနေ ဘယ်လိုမှ အခြားနေရာကို ပင့်ဆောင်လို့မရတော့တာပဲ ဖြစ်ပါတယ်…

အဲဒီနေရာမှာပဲ ယာယီကိန်းဝပ်စံပါယ်တော်မူတာကြောင့် ဖူးမြော်ကြသူတွေ များပြားလျက်ရှိတာပဲ ဖြစ်ပါတယ်…

ဒါကြောင့် ဒုတိယမြောက်ပြည်ချစ်ဘုရားလို့ ဖူးမြော်ကြသူတွေက ဆိုနေကြပါတယ်….ပရိသတ်ကြီးတို့လည်း ကျောက်မဲမြို့ နောင်ပိန်လမ်းခွဲမှာ သွားရောက်ဖူူးမြော်လို့ရပါတယ်အဲဒီနေရာမှာပဲ ဘုရားတည်မလားဆိုတာကတော့ မသိရသေးပါဘူး… ပရိသတ်ကြီးတို့ ဖူးမြော်နိုင်ဖို့ ဒီပို့စ်လေးကို မျှဝေလိုက်ရတာပါ…….Credit – HW (Shwe Yaung Lan)

POPULAR POSTS

ads