ချယ်ရီလို့ ချစ်စနိုးအမည်တွင်တဲ့ Siripa Boonraksol အမည်ရ ကောင်မလေးဟာ သူမရဲ့ချစ်သူ Puwadol Kumthai တို့ တွဲသွားတဲ့အခါတိုင်း လူတွေက ရယ်ကြတာလည်း ရှိသလို၊ အမဲရိုးနဲ့ ဟင်းအိုး မတန်လိုက်တာလို့ အမနာပ ဝေဖန်သူတွေလည်း ရှိပါတယ်။ Puwadol ရဲ့ နာမည်ပြောင်ကတော့ Ball ဖြစ်ပါတယ်။ နှစ်ယောက်စလုံးဟာ ထိုင်းနိုင်ငံသားတွေပါ။
Ball ဟာ ဆေးပညာရှုထောင့်ကန ကြည့်မယ်ဆိုရင်လည်း အလွန်ဝနေလို့ လက်ခံသင့်တဲ့ အနေအထား မဟုတ်ဖူးလို့ ချယ်ရီက ဆိုပါတယ်။ ဒါ့အပြင် ရုပ်ရည်ကျတော့လည်း ဆိုးတဲ့ဘက်မှာ နည်းနည်းလေး ပါပြီး၊ အသားကျတော့လည်း ခပ်ညိုညိုအနေအထားပါ။ ဒါဟာ သူမလို ရုပ်ရည်ကြည့်ပျော်ရှုပျော် အမျိုးသမီးတစ်ယောက်အဖို့ ကျော်မယ်ဆို ကျော်သွားလို့ ရတယ်ဆိုတာ မြင်သာစေပါတယ်။
ဒါပေမယ့် အချစ်မေတ္တာဆိုတာက ရုပ်ကလေးတစ်ခုကိုပဲ ကွက်ပြီး ခံစားနေလို့ မရပါဘူး။ စိတ်ထားသန့်စင်ဖို့်နဲ့ ချစ်ခင်ကြင်နာတတ်ဖို့ကလည်း အလွန်အရေးပါပါတယ်။ ချယ်ရီက ” သူက သိပ်ကို ချစ်ဖို့ကောင်းပြီး နားလည်မှုအပြည့်အ၀ ပေးနိုင်သူ ဖြစ်ပါတယ် … သူက သာမန်အားဖြင့် ဆံပင်တိုရင် သဘောမကျပါဘူး … ဒါပေမယ့် ကျွန်မ ဆံပင်တိုတိုလေး ညှပ်ပစ်တော့လည်း ချစ်စရာ ကောင်းလိုက်တာလို့ အပြည့်အ၀ ထောက်ခံသူပါ “လို့ ပြောခဲ့ပါတယ်။
Ball ရဲ့ ကိုယ်အလေးချိန်ဟာ 19 စတုံ (266ပေါင်) ရှိပါတယ်။ ချယ်ရီကတော့ 7 စတုံ (98 ပေါင်)သာ ရှိပါတယ်။ ချယ်ရီက Mission Hospital မှာ သူနာပြုဆရာမတစ်ယောက်ပါ။ သူတို့တစ်တွေပထမဆုံး တွေ့ဆုံခဲ့တာက ပြီးခဲ့တဲ့ ဆယ်နှစ်ကျော်က ဖြစ်ပြီး၊ ဘယ်သူက စတင်ချဉ်းကပ်ခဲ့သလဲဆိုတာကို ကောင်းကောင်း မှတ်မိနေသေးတယ်လို့ ချယ်ရီက ဆိုပါတယ်။
ချယ်ရီက ” သူက မချောဘူး … ရုပ်ဆိုးတယ် .. ဒါကို ကျွန်မ ချွင်းချက်မရှိ လက်ခံပါတယ် … ဒါပေမယ့် သူ့မှာ ချစ်တတ်တဲ့ နှလုံးသား … အသေးစိပ်ကအစ ဂရုစိုက်တတ်တဲ့ နှလုံးသားဟာ စိတ်ကောင်းနှလုံးကောင်းရှိတဲ့ သဘောထား … ဒါဟာ လူ့ဘ၀မှာ လူပီသဖို့အတွက် အရေးကြီးဆုံးပါ .. သူ့ကို ပိုင်ဆိုင်ရလို့ ကျွန်မ အပြည့်အ၀ ဂုဏ်ယူပါတယ်”လို့ ပြောခဲ့ပါတယ်။သူမတို့ဟာ အမြဲလိုလို မခွဲမခွာ နေကြပြီး၊ ၀မ်းနည်းမှုတွေကို မျှဝေနှစ်သိမ့်ပေးတယ်၊ ပျော်စရာတွေဆို ပွေ့ဖက်ရယ်မောကြတယ်၊ စကားတွေအများကြီး ပြောကြတယ် … ဒါဟာ ချစ်သူတွေရဲ့ဘ၀မှာ အရေးကြီးဆုံးတွေပါဘဲလို့ ပြောခဲ့ပါတယ်။ လူတွေက နှိမ်သလိုလို ကြည့်ပေမယ့် ချယ်ရီ့စိတ်ထဲမှာ ထူးခြားမှုမခံစားရတော့ပဲ ချစ်တာကို ချစ်တယ်လို့ ရှင်းရှင်းလင်းလင်း သိဖို့သာလိုကြောင်း သူမက ဆိုပါတယ်။
အခုအခါမှာတော့ ချယ်ရီတို့ ချစ်သူမောင်နှံနှစ်ယောက်ဟာ စိတ်ချမ်းသာစရာ ခရီးကို လက်တွေ အတူတူကိုင်ဆွဲပြီး လျှောက်လှမ်းနေကြပါပြီ။ ဘာပဲဖြစ်ဖြစ် ချယ်ရီ ပြောသလိုပဲ .. ချစ်ရေး ချစ်ရာကိစ္စရပ်မှာ ရုပ်ဝါဒတစ်ခုကိုပဲ အခြေခံပြီး စဉ်းစားနေလို့ မရပါဘူး။ လူပီသတဲ့ စိတ်ဓာတ်ရှိသူ၊ ကြင်နာတတ်သူ၊ လူကို လူလို့မြင်တဲ့စိတ်ဓာတ်တွေကလည်း အလွန်ပဲ အရေးပါလှပါတယ်။
Credit Shwemom
Saturday, November 30, 2019
ချစ်သူကရုပ်ဆိုးတဲ့ ဖတ်တီးပုတ်ကြီးဆိုတာသိပေမယ့် အချစ်သာပဓာနလို့ဆိုတဲ့ ကောင်မလေး
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
News
Tags
News