နိုင်ငံကျော် မင်းသားချော တစ်ဦးဖြစ်တဲ့ နေတိုးက သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို တိတိကျကျ သရုပ်ဆောင်နိုင်တာမို့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို တစ်ခဲနက် ခံရသူ တစ်ဦးပါ။ နေတိုးက သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ အကယ်ဒမီဆုကြီး သုံးဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားပြီး အောင်မြင်မှုတွေ တစ်ရှိန်ထိုး ရရှိနေတာ ဖြစ်ပါတယ်။ နေတိုးက လက်ရှိမှာလည်း သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက် လုပ်ကိုင်နေလျက် ရှိပါတယ်။
နေတိုးက အနုပညာလုပ်ငန်းတွေလည်း အဆက်မပြတ် လုပ်ကိုင်နေသလို လူမှုရေးကိစ္စအဝဝကိုလည်း ဆောင်ရွက်နေလျက်ရှိပါတယ်။ ဒီကနေ့ နိုဝင်ဘာလ (၁၁) ရက်နေ့မှာလည်း နေတိုးက ဘုရားအနေကဇာတင် အခမ်းအနားတစ်ခုကို ရောက်ရှိနေပါတယ်။
နေတိုးက နေပြည်တော် ထာဝရငြိမ်းချမ်းရေးစေတီတော် အထက်ဌာပနာတော်သွင်း ၊ ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို တက်ရောက် ကုသိုလ်ယူနေတာပဲ ဖြစ်ပါတယ်။
ထို အလှူတော်မင်္ဂလာအခမ်းအနားကြီးကို နေတိုးနဲ့တကွ အခြားသော အနုပညာရှင်တွေဖြစ်ကြတဲ့ ထွန်းထွန်း၊ မိုးယံဇွန်၊ သားညီ၊ အောင်ရေချမ်း၊ ထူးအောင်၊ ဟိန်းထက် တို့လည်း တက်ရောက် ကုသိုလ်ယူခဲ့ကြပါသေးတယ်။နေတိုးကတော့ လပြည့်နေ့မနက်လေးမှာ ကုသိုလ်ယူရင်း အေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေတိုးတို့ရဲ့ အလှူတော်ပွဲလေးကိုကြည့်ပြီး သာဓုခေါ်နိုင်ကြပါစေနော်။
Rowena
Source: Nay Toe & Wai Minn Maung's fb
Sunday, November 10, 2019
Home
/
Celebrity
/
နေပြည်တော် ထာဝရငြိမ်းချမ်းရေးစေတီတော် ရွှေထီးတော်တင် အခမ်းအနားမှာ ကုသိုလ်ယူနေတဲ့ နေတိုး
နေပြည်တော် ထာဝရငြိမ်းချမ်းရေးစေတီတော် ရွှေထီးတော်တင် အခမ်းအနားမှာ ကုသိုလ်ယူနေတဲ့ နေတိုး
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity