Breaking

Friday, November 22, 2019

ဘောင်းဘီ(၉)ထည်ကို ထပ်ဝတ်ပြီး ခိုးယူဖို့ကြိုးစားခဲ့တဲ့ အမျိုးသမီးရဲ့အဖြစ်

 အသက်ခပ်ငယ်ငယ်လို့ ယူဆရတဲ့ အမျိုးသမီးတစ်ဦးဟာ အဝတ်အစားတွေ ရောင်းတဲ့ဆိုင်ထဲကနေ ဘောင်းဘီ(၉)ထည်ကို ထပ်ဝတ်ပြီး ခိုးယူဖို့ ကြိုးစားခဲ့ပါတယ်။ ဒီအေကြောင်းကို DailyStar သတင်းစာက ဖော်ပြထားတာဖြစ်ပါတယ်။ အံ့သြဖို့ ကောင်းတာက ဘောင်းဘီတွေ ထပ်ဝတ်ထားတာဟာ သိပ်မသိသာတာပါဘဲ။





ဒီအဖြစ်အပျက်နဲ့ ပတ်သက်တဲ့ ဗွီဒီယိုဖိုင်လေးဟာ ခဏအတွင်းမှာ ကြည့်ရှုသူ (၂.၅)သန်းအထိ ရှိသွားခဲ့ပါတယ်။ အဆိုပါ အမျိုးသမီးဟာ လက်ပူးလက်ကြပ်မိတဲ့အတွက် ဘောင်းဘီတွေကို တစ်လွှာချင်းပြန်ချွတ်ပြနေတာခဲ့တာပါ။ ဗွီဒီယိုရဲ့နောက်ကွယ်မှာ ဘောင်းဘီအရေအတွက်ကို လိုက်ရေနေသံကို ကြားရပါတယ်။
ဒါပေမယ့် ဗွီဒီယိုကို သေချာလိုက်ကြည့်တာကတော့ (၈)ထည်သာ ထပ်ဝတ်ထားတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူမဟာ ခန္ဓာကိုယ်က ပိန်ပိန်ပါးပါးလေး ဖြစ်နေလို့ ဘောင်းဘီတွေ အထပ်လိုက်ဝတ်ထားတာကို သာမန်အားဖြင့် မသိသာပါဘူး။ ဒီအဖြစ်အပျက်ဟာ ဗင်နီဇွဲလားနိုင်ငံမှာ ဖြစ်ခဲ့တာပါ။

ဒါပေမယ့် တကယ်တမ်း ဗွီဒီယိုလာပေါက်တာက ပီရူးက လူမှုကွန်ရက်တစ်ခုမှ ဖြစ်ပြီး၊ ပြန်လည်မျှဝေသူ (၁)သိန်းလောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။credit-နေသူရိန်  D Nae Khit Media

POPULAR POSTS

ads