လ တ်တလော ဝေဖန်မှုတွေအရမ်းမြင့်တက်နေတဲ့ ဆက်စီ Model နန်းမွေးစံက ဒီဝေဖန်မှုတွေကြားက ဘယ်လို စိတ်နဲ့ ရုန်းထွက်မလဲ၊ သူ့အနေနဲ့ ဒီဖြစ်ရပ်တွေအပေါ်မှာ ဘယ်လိုခံယူထားလဲဆိုတာ ပရိသတ်ကြီး သိအောင် ဖော်ပြပေးလိုက်ပါတယ်။
နောက်ထပ်အိမ်ထောင်ပြုဖို့မပြုဖို့ကတော့ မသေချာဘူးပေါ့နော် ဒါပေမယ့် အိမ်ထောင် ပြုဖြစ်ဖြစ် မပြုဖြစ်ဖြစ် ကလေးကတော့ ယူမှာပါ။မွေစံရဲ့ Life Goal ထဲမှာ ယောကျာ်းယူပြီး ကလေးနှစ်ယောက်လောက်ယူမယ်ဆိုတဲ့ အချက်ပါပါတယ် အိမ်ထောင်ပြုချင်း မပြုချင်းကတော့ ကံတရားပေါ့နော်။Married ဆိုတာက ဘုရားကဖန်တီးခဲ့တာမဟုတ်ဘူးလေ ယောကျာ်းနဲ့ မိန်းမဆိုပြီးပဲ ဖန်တီးခဲ့တာ ယောကျာ်းနဲ့ မိန်းမတူတူနေပြီး ကလေး ရဖို့က အဓိကပဲလေ။
လက်ထပ်တယ်ပေါင်းတယ် ဆိုတာက တစ်ချို့ဆို ပေါင်းပြီးတော့မှ ပြန်ကွဲသွားတာတွေလည်းရှိတယ်လေ အဲ့တာကြောင့် Married ဆိုတာကြီးကို သိမ့်ပြီးတော့ မယုံအကြည်မရှိတော့ဘူး။မွေစံအခု ရည်းစားမထားတာ ၆လရှိပြီး၊ တစ်ယောက်ထဲနေရတာသဘောကျတယ် ဒါပေမယ့် ရည်းစားလည်း လိုတော့လိုချင်တယ်။ရှာမတွေသေးတာပေါ့ ချစ်သူမရှိသေးတော့ လောလောဆယ် Single ပါ မွေစံလိုချင်တဲ့ ချစ်သူက မွေစံကို ချစ်ရမယ်၊ အလိုလိုက်ရမယ်။ အသက်မတိမ်းမယိမ်းလောက်ပေါ့။
ပြီးတော့ ကိုယ်နဲ့ Intelligence သိမ့်မကွာရဘူး။ ကိုကိုရယ် မောင်ရယ်လို့တော့ မသိဘူး အသက်အရွယ်မတိမ်းမယိမ်းလောက် ဆိုရင်တော့ အဆင်ပြေမယ်ထင်ပါတယ်။ဘယ်လို ချစ်သူလည်း ဆိုတာတော့ စောင့်ကြည့်ရမှာပေါ့ ကိုယ်ကတကယ်ချစ်တယ်၊ အရမ်း Crush နေတယ်ဆိုရင်တော့ သူ့စကားနားထောင်မှာပါ ဒါပေမယ့် အချစ်ဆိုတာ Emotional တစ်ခုပါပဲ။သိပ်လည်း မယုံတော့ပါဘူး အသည်းကွဲတယ်ဆိုတာ တွဲတယ် အဆင်မပြေဘူး ပြတ်တယ် အဲ့ဒါအသည်းကွဲတာပါပဲ ဒါပေမယ့် အကြာကြီးမခံစားဘူး အများဆုံး ကြာတစ်ပတ်ပဲ။
ဒီထက်ပိုပြီး မခံစားဘူး မွေစံက အဲ့စိတ်လေးတော့ ကောင်းတယ် အသည်းကွဲတဲ့တစ်ပတ်အတွင်း သူငယ်ချင်းတွေနဲ့ လျောက်လည်လိုက်တယ်။အဲ့ဒါနဲ့ သက်သာသွားတာပါပဲ။ အခုလည်း ရည်းစားက ၂ယောက် ၃ယောက်ပဲထားဖူးတယ်။ မွေစံက ရည်းစားအများကြီး မထားဘူး။တစ်ယောက်ထဲနေတာများတယ် Single Life ကိုပိုသဘောကျတယ်။ အခု Single ဖြစ်နေတာ ပိုပြီးတောင် လွတ်လပ်တယ်လို့ ခံစားနေရကြောင်းနဲ့ ပရိသတ်ကြီးကို ကျန်းမာချမ်းသာကြပါစေလို့ ဆုမွန်ကောင်းလည်း တောင်းပေးခဲ့ပါတယ်။
Saturday, November 16, 2019
ယောကျာ်း နဲ့ မိန်းမတူ တူနေပြီး ကလေးရဖို့ က အဓိကပဲဆို တဲ့ နန်းမွေစံ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity