Breaking

Wednesday, November 13, 2019

သေရင်နိဗ္ဗာန်ရောက်ဖို့ လက်မှတ်တွေ ကို မြန်မာငွေ ၆၀၀၀ နဲ့ ရောင်းပေးသူ ထောင်ထဲ ရောက်သွားတဲ့ အဖြစ်

 ဘာသာတရားကိုဆိုတာ လူတွေရဲ့ယုံကြည်မှုပါ။ ဒီယုံကြည်မှုကို ခုတုံးလုပ်ပြီး လိမ်ညာစားသူတွေဟာ ယနေ့ခေတ်ကြီးမှာတော့ တော်တော်များများ ရှိလာပြီဖြစ်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နိဗ္ဗာန်ကို မြန်မာ ငွေ ၆၅၀၀ နဲ့ ရောက်စေမယ်ဆိုတဲ့ သတင်းလေးပဲဖြစ်ပါတယ်။ နိဗ္ဗာန်ဆိုတာကို ယုံကြည်သလို့၊ ဘာသာဝင်တိုင်း အေးချမ်းတဲ့ နိဗ္ဗာန်ကို ရောက်ချင်ကြပါတယ်။ ဒီလို နိဗ္ဗာန်ရောက်ဖို့ ငွေပေးလို့ မရဘူးဆိုတာ လူတိုင်းသိပြီးသားဖြစ်မှာပါ။ ယခုဖော်ပြမယ့် သတင်းကတော့ အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီတောင်ပိုင်းက ဂိုဝါမြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်လေးဖြစ်ပါတယ်။ အသက် ၇၄ နှစ်အရွယ် အဖိုးအိုကြီးဟာ သူနဲ့အတူ နောက်လိုက်အဖွဲ့နဲ့ သူဟာ အလာရှင်မြတ်ရဲ့ တမန်တော်ဖြစ်တယ်လို့ ကြွေးကြော်ပြီး နိဗ္ဗာန်ရောက်ဖို့ လတ်မှတ်တွေ ရောင်းချခဲ့ပါတယ်တဲ့ …..။
 နိဗ္ဗာန်ကိုရောက်ဖို့အတွက် ဒီလို လက်မှတ်ရောင်းချမှုဟာ တစ်နေ့တစ်ခြား သတင်းကြီးလာပြီး မလေးရှာနိုင်ငံထိတောင် ပျံ့နှံ့ခဲ့တယ်လို့ ဆိုပါတယ်။ လတ်မှတ်တစ်စောင်ကို မလေးရှာ ရင်းဂစ် ၁၈ ပေးရတယ်လို့ ဆိုပါတယ်။ ဒီလက်မှတ်ရရင် မိမိတို့ဟာ လူ့ဘဝမှာ ပြုခဲ့သမျှ ပြစ်မှုတွေကို ကြေပြီး နိဗ္ဗာန်ကို ရောက်ရှိစေတယ်လို့ အာမခံပြီး ရောင်းချခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် လူ့သက်တမ်းကိုလည်း နောက်ထပ် ၁၅ နှစ်တောင် ထပ်တိုးပေးတယ်လို့ ဆိုပါတယ်။ ဒီလို လိမ်ညာရောင်းချနေခြင်းကြောင့် တရားဥပဒေကို ချိုးဖောက်ရာရောက်တယ်ဆိုပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ အဆိုပါ အဖိုးအိုကို ဖမ်းဆီးခဲ့ပါတယ်။ သူရဲ့နေအိမ်ကို ဝင်ရောက် ဆီးနင်းရှာဖွေပြီး ဒီနိဗ္ဗာန်ရောက် လက်မှတ် ၁၃၈ စောင်နဲ့အတူ သက်သေခံပစ္စည်းနှင့်တကွ ဖမ်းဆီးခဲ့တာလို့ သတင်းတွေမှာဖော်ပြခဲ့ပါတယ်။ အဆိုပါ အဖိုးအိုကိုတော့ လိမ်လည်မှု၊ ငွေကြေးခဝါချမှုနှင့် ဘာသာရေးကို အသုံးချမှုတို့နဲ့ အရေးယူထားပြီး ထောင် ဒဏ် အနှစ် ၂၀ ချမှတ်ခံရနိုင်တယ်လို့ ဆိုပါတယ်။
ပရိတ်သတ်ကြီးရေ ဒီသတင်းလေးကတော့ သမာရိုးကျဆိုပေမယ့် လူမှုပတ်ဝန်းကျင်မှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ရိုးသားတဲ့ လူတွေရဲ့စိတ်ကို အရောင်ဆိုးပြီး စီးပွားရေးလုပ်ကိုင်သူတွေကြောင့် ဘာသာတရားတွေဟာ ညစ်နွမ်းခဲ့ရပါတယ်။ ဒါ့ကြောင့် ကိုးကွယ်ရာ ဘာသာတရားနဲ့ပတ်သတ်ပြီး စီးပွားရေးလုပ်ကိုင်သူတွေနဲ့တွေ့ကြုံခဲ့ရင် သတိထားကြပါလို့ အကြံပြုပါရစေနော်……….။

credit-Writer – ME( Shwe Yaung Lan )

POPULAR POSTS

ads