Myanmar idol country sound week မှာ voting အနည်းဆုံးနဲ့ လက်ပြနှုတ်ဆက်ခဲ့ရသူ တန်ခွန်ကျော်ကို အားလုံးသတိရနေအုံးမယ် ထင်တယ်နော်။
တန်ခွန်ကျော်ဟာ အဆိုကောင်းသလို ကိုယ်ပိုင်ဟန်နဲ့ သီဆိုနိုင်တာကြောင့် ပရိတ်သတ်ကြီးက နောက်တဆင့် တက်လှမ်းနိုင်လိမ့်မယ်လို့ အားလုံးမျှော်လင့်နေကြရတာပါ။အတည်မပြုနိုင်တဲ့ သတင်းတွေ အရတော့ တန်ခွန်ကျော်နဲ့ Myanmar idol ဒါရိုက်တာတို့အကြား အငြင်းပွားမှု ပြဿနာအကြီးအကျယ် ဖြစ်ပွားခဲ့တာကြောင့် အဖြုတ်ခံလိုက်ရတယ်လို့ ကြားသိရသေးပေမယ့် မြန်မာidol ဖက်ကတော့ တရားဝင် ထုတ်ပြန်မှု မရှိခဲ့ပါဘူး။
ပိုပြီးထူးခြားတာက နှုတ်ဆက်ညမှာ ဆိုခဲ့တဲ့ သို့ သက်ငယ်မုဒိန်းကောင်များ သီချင်းကို ကျနော်ရေးထားတဲ့ သီချင်းလို့ မှားယွင်းပြောဆိုမိလိုက်တာပါ။ အဲ့ဒီနောက်တောက်လျှေက် ဆိုသလိုပဲ မူရင်းအဆိုရှင်ကောတေးရေးဆရာကိုပါ တောင်းပန်လိုက်ရတာပါ။
အခုလဲ အဲ့ဒီသီချင်းကိုပဲ မူရင်းတေးရေးဆရာကို မပြောပဲ MTV ထွက်လာတာကြောင့် တရားစွဲဆိုခံရဖို့ ဖြစ်လာပါတယ်။မူရင်းတေရေးဆရာကလဲ အခုလို “သို့သက်ငယ်မုဒိန်းကောင်များသီချင်းအား ကျွန်တော် တေးရေး ချမ်းဗိုလ် မှ တေးဆို စောလားထော်ဝါး တစ်ယောက်ထဲသာ အခကြေးငွေဖြင့်တရားဝင် ရောင်းချထားပါတယ်တေးဆို စောလားထော်ဝါး မဟုတ်ပဲ အခြားသူတစ်စုံတစ်ယောက်သီဆိုခြင်းအတွက် ကျွန်တော် တေးရေး ချမ်းဗိုလ် ထံတွင်လည်းကောင်း တေးဆို စောလားထော်ဝါး ထံတွင်လည်းကောင်းခွင့်ပြုချက်မရယူပဲ
mtv အဆင့်ထိ ထွက်ရှိလာနေသည်ကိုတွေ့ရှိပါသဖြင့် တည်ဆဲဥပဒေအရ ကျနော်တေးရေး ချမ်းဗိုလ်မှ တရားစွဲဆိုသွားပါမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်” ဆိုပြီး အတိအလင်း ထုတ်ပြန်ထားပါတယ်။
ပရိတ်သတ်ကြီးကကော ဘယ်လိုသဘောရသလဲဆိုတာ သိပါရစေ ခင်ဗျာ။
ပရိတ်သတ်ကြီးကကော ဘယ်လိုသဘောရသလဲဆိုတာ သိပါရစေ ခင်ဗျာ။