ဆွဲဆောင်မှုရှိတဲ့ မျက်နှာလေးနဲ့ ညှို့အားပြင်းတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ် မင်းသမီးချောလေး ပတ်ထရစ်ရှာကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်သူလေးမို့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူလေးပါ။ အမြဲလိုလို စွဲမက်ဖွယ် အလှပုံရိပ်တွေကို ဝေမျှပေးလေ့ရှိတဲ့ ပတ်ထရစ်ရှာကတော့ လတ်တလောမှာလည်း မဟာဆန်ပြီး ကျော့ရှင်းနေတဲ့ သူမရဲ့အလှပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ခရမ်းရောင် ကိုယ်ကြပ်အကျီင်္လေးနဲ့ လှချင်တိုင်းလှနေတဲ့ ရှာရှာရဲ့ပုံရိပ်တွေကတော့ မြင်ရသူတွေကို မှင်သက်ငေးမောမိစေခဲ့တာပဲ ဖြစ်ပါတယ်။
ပတ်ထရစ်ရှာကတော့ "🦄 Lilac 💜" ဆိုပြီး နူးနူးညံ့ညံ့နဲ့ လှရက်လွန်းတဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ နတ်မိမယ်လေးတစ်ပါးလို ကျော့ရှင်းလှပလွန်းသူလေး ပတ်ထရစ်ရှာကတော့ Event ပွဲတိုင်းကို အမြဲလိုလို အလှဆုံးဖက်ရှင်တွေနဲ့ တက်ရောက်လေ့ရှိသူတစ်ဦးဆိုလည်း မမှားပါဘူး။
အဆီပိုမရှိ ကျစ်လစ်ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ ရှာရှာလေးကတော့ ဘာလေးဝတ်ဝတ် ကျော့ရှင်းလှပနေသူလေးပါပဲနော်။တစိမ့်စိမ့် ထိုင်ငေးချင်လောက်အောင် လှရက်လွန်းသူလေး ရှာရှာ...။
မင်းသမီးချောလေး ပတ်ထရစ်ရှာကတော့ လတ်တလောမှာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖြစ်နေပြီး၊ ပွဲတွေလည်း ဆက်တိုက်တက်ဖြစ်နေတာ တွေ့ရပါတယ်။ ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ ရှာရှာလေးရဲ့အချစ်ရေးကတော့ စိတ်ချယုံကြည်ရတဲ့ ချစ်သူကြောင့် အမြဲအေးချမ်းနေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ရွှေမှုံတွေ စားထားသလားလို့တောင် အထင်မှားရလောက်တဲ့ ရှာရှာလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
credit-(momolay.com)Myint Myat
Wednesday, November 13, 2019
တဒင်္ဂလောက် မှင်သက်ငေးမောမိသွားစေမယ့် ပတ်ထရစ်ရှာရဲ့ပွဲတက်ပုံရိပ်တချို့
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity