ပရိသတ်ကြီးချစ်တဲ့ အနုပညာရှင် မောင်နှံဖြစ်တဲ့ ပိုင်ဖြိုးသုနဲ့ ဏကြီးက နားလည်းမှုအပြည့်နဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုကလည်း သရုပ်ဆောင်တဲ့ဘက်မှာ အောင်မြင်သလို ဏကြီးကလည်း ဒါရိုက်တာလောကမှာ ထူးချွန်သူ တစ်ဦးဖြစ်ပါတယ်။ ပိုင်ဖြိုးသုနဲ့ ဏကြီးကတော့ စိတ်တူ၊ကိုယ်တူ၊ ဝါသနာတူတာမို့ သူတို့ရဲ့ အိမ်ထောင်ရေးလေးက ပိုပြီး စိုပြည်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ပိုင်ဖြိုးသုနဲ့ ဏကြီးက တောင်ကြီးမြို့ကို ရုပ်ရှင်ရိုက်ကွင်းကြည့်ဖို့ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ တောင်ကြီးမှာက ရာသီဥတု သာယာပြီး အေးချမ်းလွန်းတော့ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံက ကောင်းကောင်းအနားယူနေကြတာ ဖြစ်ပါတယ်။ပိုင်ဖြိုးသုနဲ့ ဏကြီးတို့က တောင်ကြီးမြို့ရဲ့ အေးချမ်းလွန်းတဲ့ ရာသီဥတုမှာ ဓာတ်ပုံတွေရိုက်၊ အချိန်တွေ အတူတူ ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ပိုင်ဖြိုးသုနဲ့ ဏကြီးတို့ ဇနီးမောင်နှံရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ခင်ပွန်းဖြစ်သူ ဏကြီးရဲ့ အင်္ကျီအကြီးကြီး ဝတ်ပြီး ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းနေတဲ့ ပိုင်ဖြိုးသုလေး .😮💖
ပိုင်ဖြိုးသုကတော့ အေးချမ်းလှတဲ့ တောင်ပေါ်မြို့လေးမှာ တော်တော်ပျော်နေပြီ ထင်ပါတယ်နော်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ပိုင်ဖြိုးသုနဲ့ ဏကြီးတို့ ဇနီးမောင်နှံရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: Paing Phyo Thu's fb
Thursday, November 28, 2019
Home
/
Celebrity
/
တောင်ကြီးမြို့က သာယာလှပတဲ့ရှုခင်းတွေနဲ့ သာသာယာယာအနားယူနေကြတဲ့ ပိုင်ဖြိုးသုနဲ့ ဏကြီး
တောင်ကြီးမြို့က သာယာလှပတဲ့ရှုခင်းတွေနဲ့ သာသာယာယာအနားယူနေကြတဲ့ ပိုင်ဖြိုးသုနဲ့ ဏကြီး
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity