Breaking

Monday, November 25, 2019

နတ်မိမယ်လေးအသွင်နဲ့ အလှဆုံးပွဲတက်ခဲ့တဲ့ ဝတ်မှုံရွှေရည်ရဲ့ပုံရိပ်တွေ

 မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦးဖြစ်တဲ့ ဝတ်မှုန်​ရွှေရည်ကတော့ အရမ်းကိုချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူလေးပါ။ လတ်တလောမှာတော့ ဝတ်မှုံရွှေရည်က အဖြူရောင်ဝတ်စုံလေးနဲ့ အလှဆုံး ပွဲတက်ခဲ့တဲ့ သူမရဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ချစ်​စရာ​ကောင်းတဲ့ အသွင်​လေးနဲ့လည်း လိုက်​ဖက်​လွန်းတဲ့ ​ရွှေကစ်​လေးရဲ့ပုံရိပ်​တွေက​တော့ အရမ်းကို​လှရက်လွန်းနေတာပါ​နော်​။

 ဝတ်မှုံရွှေရည်ကတော့ "မနေ့က မန္တလေးမှာ ရှိတဲ့ Seinn Yadanar Thaik Gems & Jewellry နဲ့ SEINN Jade Flagship Boutique Store တို့ရဲ့ Grand Opening Ceremony မှာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။" ဆိုပြီး ချစ်ဖို့ကောင်းလွန်းတဲ့ သူမရဲ့အလှပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။အဆိုပါပွဲမှာတော့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က မင်းသားချောလေး ခါရာနဲ့အတူ လိုက်ဖက်ညီစွာ ပွဲတက်ခဲ့တာပဲ ဖြစ်ပါတယ်။


Event ပွဲတိုင်းလိုလို အထင်ရှားဆုံး ပွဲတက်လေ့ရှိတဲ့ ဝတ်မှုံရွှေရည်ကတော့ အဆိုပါပွဲမှာလည်း ထူးထူးခြားခြားနဲ့ တောက်ပနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဝတ်မှုံရွှေရည်က ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးဖြစ်နေပြီး၊ ပွဲတွေလည်း ဆက်တိုက်တက်ဖြစ်နေတာ တွေ့ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း နတ်မိမယ်လေးလို လှရက်လွန်းသူလေး ရွှေကစ်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Wutt Hmone Shwe Yi's Facebook

POPULAR POSTS

ads