Breaking

Tuesday, November 12, 2019

နေပြည်တော် ထာဝရငြိမ်းချမ်း‌ရေးစေတီတော် ရွှေထီးတော်တင် အခမ်းအနားမှာပါဝင်ကုသိုလ်ယူခဲ့တဲ့ ဟိန်းထက်

 ရုပ်သံဇာတ်လမ်းတွဲတွေကနေတစ်ဆင့် ပရိသတ်ရင်ထဲကိုတဖြည်းဖြည်းရရှိလာတဲ့ ဟိန်းထက်ဟာလည်း ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲသရုပ်ဆောင်ရင်း ပီပြင်လှတဲ့ ဇာတ်ရုပ်တွေကြောင့် အချိန်တိုတိုအတွင်း ပရိသတ်အားပေးလက်ခံလာရသူလည်းဖြစ်ပါတယ်။

 အနုပညာအလုပ်ကိုတစိုက်မတ်မတ်လုပ်ကိုင်သလို ပရဟိတအလုပ်တွေမှာလည်း လက်မနှေးပဲပါဝင်လုပ်ကိုင်လေ့ရှိတဲ့ ဟိန်းထက်ဟာ နိုဝင်ဘာ (၁၁) ရက်နေ့က နေပြည်တော် ထာဝရငြိမ်းချမ်း‌ရေးစေတီတော် ရွှေထီးတော်တင် အခမ်းအနားမှာ ပါဝင်ကုသိုလ် ယူနေတာလည်းဖြစ်ပါတယ်။ထိုအလှူတော်အခမ်းအနားကို ပြည်သူချစ်အနုပညာရှင်တွေဖြစ်တဲ့ နေတိုး၊ ထွန်းထွန်း၊ သားညီ၊ မိုးယံဇွန်၊ ထူးအောင်၊ အောင်ရေချမ်း၊ ဟိန်းထက်တို့ ပါဝင်ကုသိုလ်ယူခဲ့ကြတာလည်းဖြစ်ပါတယ်။
ဟိန်းထက်ဟာ ဇာတ်လမ်းတွဲတွေကတစ်ဆင့် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်နေရသူဖြစ်ပါတယ်။ ပရိသတ်ကြားလူကြိုက်များရေပန်းစားခဲ့တဲ့ ငွေစက္ကူ (၇) ရွက်ဇာတ်ကားကြီးမှာလည်း ဟိန်းထက်ကပရိသတ်ချစ်ခင်အားပေးမှုများစွာရရှိခဲ့ပါတယ်။ မိုမိုလေးပရိသတ်တွေရော ဟိန်းထက်ကိုအားပေးကြသေးလားဗျ။ အဆုံးထိဖတ်ရှုပေးတဲ့ အတွက်မိုမိုလေးမှ ကျေးဇူးတင်ရှိပါတယ်။

Ref:Hein Htet's FB
Leo

ads