ပရိသတ်အချစ်တော် အဆိုတော်သရုပ်ဆောင်အကယ်ဒမီ မင်းသားတစ်ဦးဖြစ်တဲ့ ထွန်းထွန်းကတော့ ဒီနေ့မှာတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ချစ်သူလေးကို ချစ်တဲ့အကြောင်းတွေ ရင်ဖွင့်ခဲ့တာပဲ ဖြစ်ပါတယ်။ အမြဲ ချစ်သူလေးကို အရိပ်တကြည့်ကြည့် ချစ်တတ်တဲ့ ထွန်းထွန်းကတော့ ” သူမပျော်နေရင် ကိုယ်က သူ့ထက်ပိုပြီး စိတ်ချမ်းသာ နေတယ်ဆိုတာ…. သူ့ကိုအရမ်းချစ်လို့ပါ” ဆိုကာ My Day မှာဖော်ပြခဲ့တာကြောင့် ပရိသတ်တွေကတော့ ထွန်းထွန်းရဲ့ချစ်သူကောင်မလေးကို အရမ်းကံကောင်းသူလေးလို့ မှတ်ချက်တွေပေးနေကြတာပါCeleConnections ပရိသတ်ကြီးရေ …။
ထွန်းထွန်းကတော့ အထူးမိတ်ဆက်ပေးစရာမလိုတဲ့ ပြည်သူချစ်အနုပညာရှင် အဆိုတော် သရုပ်ဆောင်မင်းသား တစ်လက်ပါပဲနော်။တစ်ခတ်တစ်ခါက မိန်းကလေးပရိသတ်တွေသာမက ယောကျာ်းလေးပရိသတ်တွေပါ အားပေးခြင်းခံခဲ့ရတဲ့ ယောကျာ်းလေးအဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ” Example ” အဖွဲ့ဝင်တစ်ယောက်ပါ။ သူ့ရဲ့ သီချင်းတွေကိုပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်ခဲ့တဲ့အပြင် သရုပ်ဆောင်ဘက်မှာလည်း အကယ်ဒမီဆုကို ဆွတ်ခူးထားနိုင်သူတစ်ယောက်လည်း ဖြစ်ပါသေးတယ်။
ထွန်းထွန်းဟာ အရင်ချစ်သူကောင်မလေးနဲ့ပြတ်ပြီးတဲ့နောက်မှာ တစ်ယောက်ထဲ Single အဖြစ်နဲ့ နေထိုင်လာတာအချိန်ကြာမြင့်ခဲ့ပေမယ့်လက်ရှိမှာတော့ ထွန်းထွန်းဟာ ချစ်စရာလေယာဉ်မယ်လေးနဲ့ အချစ်တစ်ခုကိုတည်ဆောက်ထားကာ ပရိသတ်တွေကလည်း သူတို့စုံတွဲလေးကို သည်းသည်းလှုပ် ချစ်ခင်ပေးကြတာပဲ ဖြစ်ပါတယ်။ချစ်သူလေးရဲ့ Live တွေမှာလည်း ပါဝင်ကာ စနောက်လေ့ရှိပြီး စိတ်ချမ်းသာတဲ့ ချစ်သူရည်းစားဘဝလေးကိုပိုင်ဆိုင်ထားတယ်လို့ ဆိုရမှာပါ။CeleConnections ပရိသတ်ကြီးလည်း ထွန်းထွန်းလို သည်းသည်းလှုပ်ချစ်ရမယ့် ချစ်သူရှိနေပြီလားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။
Source : Htin Aung Tun
credit-Candy – CeleConnections
Saturday, November 30, 2019
Home
/
Celebrity
/
” ချစ်သူလေးကို ချစ်တဲ့အကြောင်းတွေ ရိုမန့်တစ်ဆန်ဆန် ရင်ဖွင့်လိုက်တဲ့ ထွန်းထွန်း “
” ချစ်သူလေးကို ချစ်တဲ့အကြောင်းတွေ ရိုမန့်တစ်ဆန်ဆန် ရင်ဖွင့်လိုက်တဲ့ ထွန်းထွန်း “
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity