ချောမောလှပပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားကို ပိုင်ဆိုင်ထားတတဲ့ Beauty Blogger နေခြည်ဦး ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမရဲ့ ချစ်စရာအမူအယာလေးတွေနဲ့ စကားပြောရင် ဆွဲဆောင်မှုရှိရှိ ပြောတတ်တာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူလေးပဲဖြစ်ပါတယ်။ နေခြည်ဦးက ခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီး ၇ ကား ကို ရိုက်ကူး ထားတဲ့ သရုပ်ဆောင် မင်းသမီးလေးဆိုလည်း မမှားပါဘူး ။ဒီတစ်ခါမှာတော့ မိုမိုလေးပရိသတ်တွေအတွက် သရုပ်ဆောင် နေခြည်ဦး ရဲ့ အလှပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
နေခြည်ဦးက မြန်မာနိုင်ငံရဲ့ Hot အဖြစ်ဆုံးမင်းသမီးတွေထဲက တစ်ဦး ဆိုလည်းမမှားပါဘူး ။ သူမက အရမ်းခေတ်ဆန်တဲ့ဖက်ရှင်တွေနဲ့ နာမည်ကြီး သူလေးပါ။နေခြည်ဦးက 7th Sense Creation မှ ထုတ်လုပ်တဲ့ ရုပ်ရှင်ဇာတ်ကား နှစ်ကား ဖြစ်တဲ့ ဧည့်သည်၊ အခမ်းနားဆုံးမေတ္တာ တို့ကို ရိုက်ကူးထားပြီးပြီ ပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီး နေခြည်ဦးက 7th Sense Creation နဲ့ ပူးပေါင်းပြီး အနုပညာလှုပ်ရှားမှု များစွာလုပ်သွားဖို့ ရှိကြောင်းသိရပါတယ်။လက်ရှိမှာ အိပ်မက်တွေမိုးထားတဲ့ အိမ်ရုပ်သံဇာတ်လမ်းတွဲကို မိုရီဆာကီဝင်းတို့နဲ့အတူရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။
ဒီတစ်ခါမှာတော့ နေခြည်ဦး က " Bloggerလုပ်လဲ ပျော်ပျော်ဘဲမင်းသမီးလုပ်နေလဲ ပျော်ပျော်ဘဲ
စနေနေ့မနားရလဲ...ပျော်ပျော်ပါဘဲ 🥰😋Shooting က BTS လေးတွေ 🎞" ဆိုပြီးပြောထားပါတယ်။နေခြည်ဦး ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Moekalay
Source;nay chi oo
Saturday, November 30, 2019
Bloggerလုပ်လဲ ပျော်ပျော်ဘဲ မင်းသမီးလုပ်နေလဲ ပျော်ပျော်ဘဲ ဆိုတဲ့ နေခြည်ဦး
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity