Breaking

Thursday, November 14, 2019

“ကိုယ်တိုင်ပါဝင်နေတဲ့ အစီစဉ်တစ်ခုကနေ ကတောက်ကဆဖြစ်ခဲ့တာတွေကိုပဲ Editလုပ်တင်ပြခဲ့တာကြောင့် ပေါက်ကွဲနေတဲ့ မျိုးကိုကိုစန်း”

 လတ်တလောမှာတော့ MRTV (4) ချန်နယ်လိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ “Dancing with the Stars Myanmar” အကပြိုင်ပွဲအစီစဉ်ကလည်း ပရိသတ်တွေ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြရတဲ့ ပြိုင်ပွဲအစီစဉ်တစ်ခုပဲဖြစ်ပါတယ်။ စုံတွဲကပြယှဉ်ပြိုင်ရတဲ့ ဒီအကပြိုင်ပွဲမှာတော့ ပါဝင်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင် အနုပညာရှင်တွေဟာ တွဲဖက်နဲ့ ကကွက်တွေ ဖန်တီးရတဲ့ အချိန်မှာတော့ သူ့အကြိုက်ကိုယ့်အကြိုက်မတူတာကြောင့် အနည်းငယ် ညှိရတာတွေရှိပြီး ကတောက်ကဆလေးတွေလည်း ရှိခဲ့ပါတယ်။အခုလိုကတောက်ကဆတွေရှိခဲ့ပေမဲ့လည်း ညှိနှိုင်းယူုပီး အကောင်းဆုံးဖျော်ဖြေတင်ဆက်နေကြတာကိုလည်း တွေမြင်ရပါတယ်။



 ကော်ပတ်ရုပ်မလေးတွေလို ချစ်စရာကောင်းပြီး မိန်းကလေးတွေကတောင် အရှုံးပေးရလောက်အောင် အလှကြီးလှတာကြောင့် ပုရိသတွေရဲ့ အားပေးဝန်းရံခြင်းကို အပြည့်အဝရရှိထားတဲ့ မျိုးကိုကိုစန်းကလည်း ဒီအကပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်နေတာပဲဖြစ်ပါတယ်။မျိုးကိုကိုစန်းနဲ့ သူ့ရဲ့ တွဲဖက်ဖြစ်တဲ့ “Hi”တို့ဟာလည်း ကကွက်တွေကို ဖန်းတီးတဲ့ အချိန်မှာ အနည်းငယ် သဘောထားကွဲလွဲမှုတွေဖြစ်ခဲ့ပါတယ် သို့ပေမဲ့လည်း အကောင်းဆုံး ညှိနှိုင်းယူခဲ့ပြီး အဆင်ပြေပြေနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။အခုလိုညှိနှိုင်းယူခဲ့တာတွေကိုတော့ မဖော်ပြဘဲ သဘောထားကွဲလွဲမှုတွေဖြစ်ခဲ့တာတွေကိုပဲ အစီစဉ်ရဲ့ တရားဝင် ပေ့ခ်ကနေဖော်ပြခဲ့တဲ့အပေါ်
မျိုးကိုကိုစန်းကတော့ “ရန်ဖြစ်တဲ့ ကဒ်တွေပဲမတင်ဘဲ Partner စကားနားထောင်ပြီးလိုက်ကြိုးစားတဲ့ ကဒ်လေးတွေလည်း တင်ပေးပါဦး။Edit လေးတွေကလှတယ်နော်။”ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေပေါက်ကွဲပြီး ဖော်ပြထားတာပဲဖြစ်ပါတယ်။လက်ရှိမှာတော့ မျိုးကိုကိုစန်းဟာလည်း အနုပညာလောကမှာလည်း နေရာတစ်နေရာ ရရှိထားပြီး အောင်မြင်မှုတွေကို ရရှိနေတာလည်း ဖြစ်ပါတယ်။Source – Myo Ko Ko San,CRD-Cele Gabar

POPULAR POSTS

ads