Breaking

Thursday, November 21, 2019

မြန်မာနိုင်ငံမှာရှိတဲ့ Ex_Boyfriend တွေကို ချပြလိုက်တဲ့ LGBT မော်ဒယ် Sinon Loresca

 မြန်မာနိုင်ငံသားတွေရဲ့ လေးစားပြီးရင်း လေးစားနေရတဲ့ ဖိလစ်ပိုင် LGBT မော်ဒယ် Sinon Loresca က တစ်နိုင်ငံလုံးရဲ့ အချစ်တွေကို ပိုင်ဆိုင်ခဲ့တဲ့ တိုင်းတစ်ပါးက မော်ဒယ်တစ်ဦးပါ။ မြန်မာနိုင်ငံရဲ့ လှပလွန်းတဲ့ နေရာတွေကိုသွားပြီး ပရိသတ်တွေ ပါးစပ်အဟောင်းသားဖြစ်လောက်အောာင် ဒေါက်မြင့် အထူကြီးနဲ့ Cat Walk ကို ပိုင်ပိုင်နိုင်နိုင်လျှောက်ပြခဲ့တဲ့ Sinon ရဲ့ ဗီဒီယိုတွေကို ပရိသတ်တွေကြည့်ဖူးကြမှာပါ။

 မြန်မာနိုင်ငံသားတွေထက် မြန်မာနိုင်ငံကို ပိုချစ်တဲ့ Sinon ရဲ့ စိတ်ထားကတော့ တစ်နိုင်ငံလုံးတွေအချစ်တွေကို သိမ်းပိုက်နိုင်လောက်အောင် စေတနာ အလွန်ကောင်းတဲ့ သူတစ်ယောက်ပါ။ နူးညံတဲ့ နှလုံးသားကို ပိုင်ဆိုင်ထားပြီး ကိုယ်ချင်းစာတရားအပြည့်နဲ့ အကူအညီလိုအပ်နေတဲ့ မြန်မာလူမျိုးတွေကို တတ်နိုင်သလောက်လိုက်လံကူညီပေးနေတဲ့ Sinon ရဲ့ လှုပ်ရှားမှု မှတ်တမ်းတွေက ပရိသတ်တွေကို မျက်ရည်ကျစေလောက်အောင် ဖြစ်စေခဲ့ပါတယ်။



မြန်မာနိုင်ငံကို ရောက်တုန်း Sinon လို အရည်အချင်းရှိသူတစ်ဦးနဲ့အတူ တွေ့ဆုံခွင့်ရခဲ့တဲ့ နာမည်ကြီးရုပ်ရှင်မင်းသားတွေရဲ့ ပုံရိပ်တွေကို မြင်တွေ့ရမှာပါ။ Sinon က သူမြန်မာနိုင်ငံကို ရောက်ရှိချိန်က စပြီး အခုချိန်ထိ တွေ့ဆုံခဲ့ရတဲ့ အနုပညာရှင် မင်းသား မော်ဒယ်တွေနဲ့အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို ပြန်လည်ဝေမျှရင်း “Please meet all my Burmese Ex-Boyfriends” ဆိုပြီး တင်ထားခဲ့တာကို  ပရိသတ်တွေအတွက် ကြည်နူးစရာပုံလေးတွေကြည့်ရအောင် တင်ပေးလိုက်ပါတယ်နော်။

POPULAR POSTS

ads